DVB Logo
Home
မြန်မာသတင်း
အဆိုတော် မာရဇ္ဇ ကွယ်လွန်
DVB
·
January 24, 2025
အဆိုတော် မာရဇ္ဇ ကွယ်လွန်
Donate to DVB

မြန်မာ့ဂီတလောကမှာ ထင်ရှားတဲ့ ဝါရင့်အဆိုတော်တယောက်ဖြစ်တဲ့ မာရဇ္ဇဟာ ဇန်နဝါရီ ၂၃ ရက် မနေ့ညပိုင်းမှာ ရန်ကုန်​မြို့၊ ဗဟိုစည်ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့   ဂီတအသိုင်းအဝိုင်းက သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ အဆိုတော် ကောင်းဆက်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် ပေါ်ကတဆင့် မာရဇ္ဇနဲ့ အမှတ်တရ တွဲရိုက်ထားတဲ့ ဓာတ်ပုံတပုံနဲ့အတူ “မာကြီး(မာရဇ္ဇ)ရေ။ ကြားရတာ စိတ်မကောင်းလိုက်တာ။ ကောင်းရာသုဂတိလားပါစေ။ အော်—ငါတို့အလှည့်လည်း ဘယ်နေ့ဖြစ်လာမလည်း” လို့ ရေးသားမျှဝေထားခဲ့ပါတယ်။

အဆိုတော် R ဇာနည်ကလည်း “ကိုမာကြီးရေ စိတ်မကောင်းဘူးဗျာ ကောင်းရာသုဂတိ လားပါစေဗျာ အေးချမ်းပါစေဗျာ” လို့ ရေးသားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။

အဆိုတော် မာရဇ္ဇဟာ ကွယ်လွန်ချိန်မှာ အသက် ၅၈ နှစ်အရွယ် ရှိနေပြီဖြစ်ကာ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ဂီတပညာရှင်တယောက်ဖြစ်တဲ့ နိုင်ဇော်ကလည်း “ကျနော့်ရဲ့ jukebox Band နဲ့ လက်တွဲခဲ့တဲ့ အဆိုကျော်(ကို)မာရဇ္ဇ မနေ့ညက ကွယ်လွန်သွားတယ်သိရလို့ မိသားစုနဲ့ ထပ်တူ ကြေကွဲရပါတယ်” လို့ ရေးသားထားပါတယ်။

ကော်ပီသီချင်းခေတ်မှာ ကိုယ်ပိုင်သံစဉ်တေးသီချင်းတွေကိုသာ ဖောက်ထွက် သီဆိုသူတယောက် အဖြစ် လူသိများတဲ့ မာရဇ္ဇရဲ့ သီချင်းတွေထဲမှာတော့ ဆွဲအား၊ ဆင်မြီးလက်စွပ်၊ အလွမ်းမိတ်ဆွေ၊ ရွှေရောင်ကောင်းကင်၊ ကဉ္ဇနာ၊ မျှော်လင့်ခြင်းလမင်း စတဲ့ တေးသီချင်းတွေဟာ ၉၀ ကျော်ကာလ လူငယ်တော်တော်များများရဲ့ ပါးစပ်ဖျားမှာ ရေပန်းစား ကျော်ကြားခဲ့သလို သူ့ခေတ်မှာရော ဒီဘက်ခေတ်ထိတိုင် အောင်မြင်ခဲ့တဲ့ တေးသီချင်းတွေ ဖြစ်ခဲ့ပါတယ်။

ဂီတသက်တမ်း အနှစ် ၃၀ ကျော်ပြီဖြစ်တဲ့ မာရဇ္ဇဟာ အောင်မြင်တဲ့ တေးသီချင်းပေါင်းများစွာ သီဆိုခဲ့ပြီး တကိုယ်တော်စီးရီးပေါင်း ၂၀ ထက်မနည်း ထွက်ရှိထားပြီး ဖြန့်ချိခဲ့တဲ့ တေးစုတွေကတော့ ဂမ္ဘီရ မိုးကြိုး၊ မိစ္ဆာအတွက်ကရုဏာ၊ မျှော်လင့်ခြင်းလမင်း၊ ပုံရိပ်မဲ့ဂရပ်ဖစ်၊ ရွှေရောင်ကောင်းကင်၊ အချစ်ငတ်သားကောင်၊ ရွှေရတီ (၂၀၀၂)၊ သေချာပါတယ် စတဲ့ တေးစုတွေဖြစ်ပါတယ်။

သူ့ရဲ့ ဂီတသက်တမ်းအတွင်း One Man Show ကိုတော့ ၂၀၁၄ ခုနှစ်တုန်းက ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့ပါသေးတယ်။အဆိုတော်မာရဇ္ဇ ကွယ်လွန်ကြောင်းကိုတော့ ဂီတအသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေက လူမှုကွန်ရက်စာမျက်နှာမှာ နှမြောတသ ဝမ်းနည်းကြောင်း ရေးသားထားကြသလို သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်ကတဆင့် ကြေကွဲဝမ်းနည်းရကြောင်း မျှဝေနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013