DVB Logo
Home
နိုင်ငံတကာ
လော့အိန်ဂျလိစ်တွင် တောမီးထပ်လောင်၊ လူ ၁၉,၀၀၀ ကျော် ရွှေ့ပြောင်း
DVB
·
January 23, 2025
လော့အိန်ဂျလိစ်တွင် တောမီးထပ်လောင်၊ လူ ၁၉,၀၀၀ ကျော် ရွှေ့ပြောင်း
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ် မြောက်ပိုင်းမှာ တောမီးအသစ်တခု ထပ်မံ လောင်ကျွမ်းခဲ့ပြီး ဧက ၈,၀၀၀ ကျော် မီးပျံ့နှံ့ခဲ့ပါတယ်။

လေပြင်းတိုက်မှုနဲ့ ခြောက်သွေ့နေတဲ့ ချုံတွေကြောင့် မီးပျံ့နှံ့မှု အရမ်းမြန်ခဲ့ပြီး လူဦးရေ ၁၉,၀၀၀ ကျော် ဘေးလွတ်ရာကို မဖြစ်မနေ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ခဲ့ရပါတယ်။

မြို့ရဲ့ မီးလောင်မှုနေရာကြီး ၂ ခုကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ လော့စ်အိန်ဂျလိစ်မြောက်ပိုင်းမှာ မိုင် ၅၀ လောက် တောမီးကြီး လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က စတင်တဲ့ ဒီမီးဟာ နာရီအနည်းငယ်အကြာမှာပဲ အီတန် မီးလောင်မှုရဲ့ တဝက်ကျော်လောက် မီးတောက် ကြီးထွားလာခဲ့ပါတယ်။

အာဏာပိုင်တွေက လော့စ်အိန်ဂျလိစ်ခရိုင်ရှိ ကတ်စတိတ်အိုင်ဒေသက လူတွေကို အသက်အန္တရာယ်ရှိတဲ့  သတိပေးမှု ပြုလုပ်ထားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားတောင်ပိုင်းဟာ အပူချိန်သတိပေးချက်တွေ ထုတ်ထားရတဲ့နေရာ ဖြစ်တာကြောင့် လေပူနဲ့အတူ တောမီးတွေ ပိုပြီး လောင်ကျွမ်းဖွယ်ရှိပါတယ်။

လော့စ်အိန်ဂျယ်လိစ် အမျိုးသားသစ်တောကတော့ ဧက ၇၀၀,၀၀၀ ရှိတဲ့ ဆန်ဂါဘရီရယ်တောင်ရှိ ဥယျာဉ်ကို ပိတ်ထားမယ်လို့ ဆိုပါတယ်။

တောင်ကယ်လီဖိုးနီးယားမှာ ၉ လကြာ မိုးရွာသွန်းမှုမရှိတာကြောင့် အန္တရာယ်ရှိတဲ့ အခြေအနေကို ဦးတည်နေပါတယ်။

ဒါပေမဲ့ လာမယ့် တနင်္ဂနွေနေ့ကနေ တနင်္လာနေ့အထိ မိုးအနည်းငယ်ရွာသွန်းမယ်လို့ ခန့်မှန်းချက်လည်း ရှိနေတာကြောင့် မိုးရွာရင် မီးသတ်သမားတွေအတွက် အကူအညီ ဖြစ်နိုင်ပါတယ်။

အီတန်မီးလောင်မှုဟာ လော့စ်အိန်ဂျယ်လိစ်အရှေ့ပိုင်းမှာ ဧက ၁၄,၀၂၁ အထိ ဖြစ်ပေါ်ခဲ့တာကြောင့် ၉၁ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

အဲဒီအချိန်မှာ ပါလာဆေးမီးလောင်မှုလည်း ကြီးထွားနေပြီး ၂၃,၄၄၈ ဧကအထိ လောင်ခဲ့တာကြောင့် လော့စ်အိန်ဂျလိစ်အနောက်ပိုင်း ၆၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ဇန်နဝါရီ ၇ ရက်က စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် လူ ၂၈ ယောက် သေဆုံးခဲ့ပြီး အဆောက်အဦပေါင်း ၁၆,၀၀၀ ကျော်ခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

အဲဒီမီးဘေးကြောင့် လူ ၁၈၀,၀၀၀ ကျော် ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ ညွှန်ကြားခဲ့ရတယ်လို့ လော့စ်အိန်ဂျလိစ်ကောင်တီ တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၂၅၀ ဘီလီယံ ကျော်မယ်လို့ အက်ကူဝယ်သာ မိုးလေဝသ ခန့်မှန်းရေးက ခန့်မှန်းထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013