DVB Logo
Home
နိုင်ငံတကာ
Quad အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးများ ဝါရှင်တန်တွင် တွေ့ဆုံဆွေးနွေး 
DVB
·
January 23, 2025
Quad အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးများ ဝါရှင်တန်တွင် တွေ့ဆုံဆွေးနွေး 
Donate to DVB

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ ဒုတိယသမ္မတ သက်တမ်းစတင်ပြီး တရက်အကြာမှာ ရာထူးတက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက တရုတ်နိုင်ငံရဲ့ ဩဇာတက်လာခြင်းနဲ့ ပတ်သက်ပြီး အာရှပစိဖိတ် ၄ နိုင်ငံ မဟာမိတ်အဖွဲ့ ကွက်ဒ်ရဲ့ ကိုယ်စားလှယ်တွေနဲ့  ဇန်နဝါရီ ၂၁ မှာ တွေ့ဆုံခဲ့ပါတယ်။

ထရမ့်ပ်ဟာ အိမ်ဖြူတော်ကို ပြန်ရောက်လာတဲ့ ပထမဆုံးနေ့မှာ တရုတ်နိုင်ငံအပေါ် စည်းကြပ်ခွန်တွေကို မမျှော်လင့်ဘဲ ရုပ်သိမ်းလိုက်ပါတယ်။

ပြိုင်ဘက်တွေကြား အပြန်အလှန် ဆက်ဆံရေး အလားအလာကို မြှင့်တင်ဖို့ ခြိမ်းခြောက်မှု တရပ်အဖြစ် တရုတ်ကို ထရမ့်ပ်က အချက်မပြခဲ့ပါဘူး။

တရုတ်ပြည်မကြီး အစိုးရကို တန်ပြန်ခြင်းဟာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း အချက်ပြဖို့ ပုံစံထုတ်ထားတာလို့ လေ့လာသူတွေက ပြောခဲ့ပါတယ်။

စီစဉ်ထားတဲ့ ခုလိုစုဝေးမှုဟာ ထရမ့်ပ်ရဲ့ သမ္မတသက်တမ်းအတွင်း Quad နိုင်ငံခေါင်းဆောင်တွေရဲ့ အစောပိုင်း အစည်းအဝေးအတွက် လမ်းခင်းနိုင်တယ်လို့ သတင်းရင်းမြစ်က ထပ်လောင်းပြောကြားပါတယ်။

ကြိုတင်ပြင်ဆင်မှုတွေနဲ့ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေက လာမယ့်လမှာ ဝါရှင်တန်မြို့တော်မှာ သမ္မတ ထရမ့်ပ်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှိငဲရုအိရှိဘာ့တို့ကြားတွေ့ဖို့ဖြစ်နိုင်ခြေကို ဖော်ပြခဲ့ပါတယ်။

သီတင်းပတ်ကုန်ရက်က ဝါရှင်တန်မြို့တော်မှာ သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီးပန်နီဝေါင်းနဲ့ အိန္ဒိယ၊ ဂျပန်အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် Quad နိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ကြားတာဟာ အင်ဒို-ပစိဖိတ်ဒေသမှာ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသနေတာလို့ ပန်နီဝေါင်းက ပြောပါတယ်။

ရူဘီအိုဟာ အင်္ဂါနေ့မှာ Quad နိုင်ငံ့ခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီး ၃ ယောက်နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013