DVB Logo
Home
မြန်မာသတင်း
မြို့နယ် ၃ ခုတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေဟု MDY PDF ပြော
DVB
·
January 22, 2025
မြို့နယ် ၃ ခုတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေဟု MDY PDF ပြော
Donate to DVB

မတ္တရာမြို့နယ်အပါအဝင် စစ်ဆိုင်ထားတဲ့ မြို့နယ် ၃ ခုမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီက အင်အားအလုံးအရင်း ဖြည့်တင်းနေတယ်လို့ MDY PDF ထံက သိရပါတယ်။

အခုလ ၂၁ ရက်ကစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီဟာ  မတ္တရာမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုတွေသာမက မြေပြင်စစ်ကြောင်းတွေကိုပါ အင်အားဖြည့်တင်းလာတာကြောင့် ဖယောင်းတောင်၊ ထန်းပင်ကုန်းကျေးရွာနဲ့ မြို့ကုန်းကျေးရွာတဝိုက်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ MDY PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

MDY PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က “လက်ရှိ မြေပြင်မှာ ကျနော်တို့နဲ့ စစ်ဆိုင်ထားတဲ့ နေရာတွေအားလုံးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ မတ္တရာ၊ သပိတ်ကျင်း၊ နောင်ချိုမြို့နယ်တို့မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ အဓိကကတော့ မတ္တရာမြို့နယ်မှာ စစ်ကောင်စီက လူအင်အားဖြည့်တင်းတာ တောက်လျှောက်ပြုလုပ်နေသလို လက်နက်ကြီး ပစ်ခတ်တာတွေ အဆက်မပြတ် ပြုလုပ်နေတာရှိပါတယ်” လို့ DVB ကို ပြောပါတယ်။

မတ္တရာမြို့နယ်အပြင် နောင်ချိုမြို့နယ် သံဘိုကျေးရွာအနီး၊ သပိတ်ကျင်းမြို့နယ် ၇ မိုင် ကျေးရွာတို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့အကြား တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“လက်ရှိမှာတော့ ကျနော်တို့အဖွဲ့တွေနဲ့ ထိတွေ့မှုရှိတယ်ဆိုပေမဲ့ အားစမ်းတဲ့သဘောမျိုးပဲ ရှိနေသေးတယ်လို့ ပြောလို့ရတယ်။ မကြာခင်တော့ အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာနိုင်တယ်လို့ ယူဆရတယ်” လို့ ကိုအော်စမွန်က ဆက်ပြောပါတယ်။

မန္တလေး PDF အနေနဲ့ မတ္တရာမြို့နယ်ထဲက လေကြောင်းရန်ကာကွယ်ရေးတပ်၊ ဆည်တော်ကြီးရဲစခန်း၊ ဖယောင်းတောင် စစ်တပ်စခန်း တွေအပါအဝင် စစ်တပ်စခန်းပေါင်း ၄၀ ခန့်ကို ထိုးစစ်ဆင်သိမ်းပိုက်ထားခဲ့ပေမဲ့ ၂၀၂၄ ခု၊ နိုဝင်ဘာမှာ မတ္တရာအနောက်ခြမ်းက တော်လှန်ရေးအဖွဲ့တွေ သိမ်းထားတဲ့စခန်းတွေကို စစ်ကောင်စီတပ်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ယာယီလက်လွှတ်ခဲ့ရတဲ့ မတ္တရာအနောက်ခြမ်းကို မန္တလေး PDFက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ ရွာသစ်ရွာ၊ ဝန်စုရွာ နဲ့ ထိန်ပင်စောက်ရွာတို့မှာရှိတဲ့ စစ်စခန်းတွေကို အပြီးသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက ထပ်မံထိုးစစ်ဆင်လာတာပဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013