DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ကိုသွားမည့် ကုန်သင်္ဘော ၁ စီးကို AA ထိန်းသိမ်းထားဆဲ
DVB
·
January 22, 2025
ဘင်္ဂလားဒေ့ရှ်ကိုသွားမည့် ကုန်သင်္ဘော ၁ စီးကို AA ထိန်းသိမ်းထားဆဲ
Donate to DVB

မြန်မာနိုင်ငံ ရန်ကုန်မြို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်ဖ်မြို့ကိုလာတဲ့ ကုန်တင်သင်္ဘော ၃ စင်းကို အာရက္ခတပ်တော် (AA) က ဇန်နဝါရီ ၁၆ ရက်မှာ ဖမ်းဆီးခဲ့ပြီး ၂ စီးကို ဇန်နဝါရီ ၂၀ ရက်မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ နောက်ထပ် သင်္ဘောတစီးကို ဇန်နဝါရီ ၂၁ ရက်အထိ ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းမှာ ရေးသားပါတယ်။

AA က လက်ရှိအချိန်အထိ ထိန်းသိမ်းထားတဲ့ ကုန်သင်္ဘောမှာ ကော်ဖီ၊ ကွမ်းသီး၊ ငါးခြောက်နဲ့ စားသောက်ကုန်အိတ်ပေါင်း ၃၀,၀၀၀ ခန့် တင်ဆောင်လာခြင်းဖြစ်ပြီး လွှတ်ပေးလိုက်တဲ့ သင်္ဘော ၂ စီးမှာ ကုန်အိတ် ၂၇,၇၀၀ ကျော်သာ တင်ဆောင်လာတာလို့ ရေးသားထားပါတယ်။

အာရက္ခတပ်တော်ဘက်က အဲဒီကုန်သင်္ဘောကို ထိန်းသိမ်းထားဆဲဖြစ်တာကြောင့် မြန်မာနိုင်ငံဘက်က ကုန်ပစ္စည်းမှာယူထားကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား၊ တက္ကနက်ဖ်မြို့က ကုန်သည်တွေဟာ စိုးရိမ်မှုတွေ မြင့်တက်နေကြတယ်လို့လည်း ဆိုထားပါတယ်။

အာရက္ခတပ်တော်က ထိန်းသိမ်းခဲ့တဲ့ သင်္ဘော ၃ စင်းထဲက လွတ်မြောက်လာတဲ့ ၂ စင်းဟာ ဇန်နဝါရီ ၁၆ ရက် မနက် ၁၀ နာရီမှာ တက္ကနက်ဖ် ဆိပ်ကမ်းကို ရောက်ရှိလာခဲ့ပြီး သင်္ဘောတွေကို စီမံဆောက်ရွက်စစ်ဆေးပြီးနောက် ကုန်စည်တွေကို တင်ဆောင်တော့မယ်လို့ တက္ကနက်ဖ် ဆိပ်ကမ်းအာဏာပိုင်ဖြစ်တဲ့ United Land Port Teknaf Ltd ရဲ့ မန်နေဂျာ Syed Mohammad Anwar Hossain က ပြောကြားခဲ့ပါတယ်။

အခုလို ကုန်သွယ်ရေးသင်္ဘောတွေကို တားဆီးမှုတွေရှိနေရင် တက္ကနက်ဖ်ဆိပ်ကမ်းကို ကုန်သွယ်နေကြတဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ ရပ်ဆိုင်းမှုတွေ ဖြစ်လာနိုင်တယ်လို့ Teknaf Land Port Clearing and Forwarding Agents Association ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ Ehteshamul Haque Bahadur က ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေမှာ မှတ်ချက်ပေး ပြောကြားထားပါတယ်။

“ဒီလို သင်္ဘောတွေကို တားဆီးမှုတွေ ရှိလာမယ်ဆိုရင် တက္ကနက်ဖ်ဆိပ်ကမ်းရဲ့ လည်ပတ်မှုတွေက ရပ်တန့်လာနိုင်တယ်။ ကုန်သွယ်မှု အဆက်မပြတ်စေဖို့အတွက် အစိုးရရဲ့ အကူအညီတွေ အရေးကြီးတယ်” လို့ Ehteshamul Haque Bahadur က ပြောပါတယ်။

မောင်တောမြို့နယ်ကို အာရက္ခတပ်တော်က ဒီဇင်ဘာ ၈ ရက်မှာ သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရန်ကုန်မြို့ကနေ ကုန်စည်တွေကို ပထမဆုံးအကြိမ် ပို့ဆောင်ရမှာ ရခိုင်ရေပိုင်နက်အတွင်းမှာ ထိန်းသိမ်းခံရတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံက ကုန်သည်တွေ အပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိပြီး ကုန်စည်စီးဆင်းမှုကို ဆိုးရွာစေတယ်လို့ ဘင်္ဂလားဒေ့ရှ်က ကုန်သည်တွေက ပြောကြပါတယ်။

Teknaf Upazila Nirbahi အရာရှိ Sheikh Ehsan Uddin က ရောက်ရှိလာတဲ့ ကုန်တင်သင်္ဘော ၂ စင်းကို စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ ပြောကြားထားပါတယ်။

အာရက္ခတပ်တော်က ထိန်းသိမ်းထားတဲ့ ကုန်တင်သင်္ဘောဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ကုန်သွယ်မှုပြုလုပ်နေတဲ့ ဦးကျောက်တောင်ရဲ့သင်္ဘော ဖြစ်နိုင်တယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ နီးစပ်သူတွေက ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013