DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီနှင့် MNDAA အပစ်ရပ်သဘောတူပြီးနောက်  စစ်ရှောင် လားရှိုးမြို့ခံများ နေရပ်ပြန်
DVB
·
January 22, 2025
စစ်ကောင်စီနှင့် MNDAA အပစ်ရပ်သဘောတူပြီးနောက်  စစ်ရှောင် လားရှိုးမြို့ခံများ နေရပ်ပြန်
Donate to DVB

စစ်ကောင်စီနဲ့ MNDAA ကိုးကန့်တပ်တို့ အပစ်အခတ်ရပ်စဲလိုက်ကြောင်း တရုတ်နိုင်ငံက ထုတ်ပြန်ပြီးနောက်ပိုင်း ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကနေ တိမ်းရှောင်နေကြရတဲ့ ပြည်သူတွေ နေရပ်ပြန်ဖို့စီစဉ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ 

တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်နဲ့ MNDAA ကိုးကန့်တပ်တာဝန်ရှိသူတွေ တွေ့ဆုံပြီး  ဇန်နဝါရီ ၁၈ ရက်က တရားဝင်အပစ်အခတ်ရပ်စဲကြောင့် သဘောတူ လက်မှတ်ရေးထိုး လိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကနေ ၆ လနီးပါး တိမ်ရှောင်နေကြရတဲ့ ဒေသခံ ပြည်သူတွေဟာ မိမိနေရပ်မှာ ပြန်လည်နေထိုင်ဖို့ စီစဉ်နေကြတယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။

လားရှိုးမြို့ကို MNDAA ကိုးကန့်တပ်ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက် သိမ်းပိုက်ထိန်းချုပ်လိုက်တဲ့ ၆ လနီးပါးအတွင်း စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ကို လေကြောင်းနဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူထိခိုက် ဒဏ်ရာရသေဆုံးတာတွေရှိခဲ့ပါတယ်။

အခုလို စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ကြား တရားဝင်အပစ်ရပ်လက်မှတ်ထိုးလိုက်တာဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မရှိနိုင်တော့ဘူးလို့ ယူဆကာ လားရှိုးမြို့ခံတွေက နေရပ်ပြန်လာနေကြတာကြောင့် မြို့မှာ အထိုက်အလျှောက် ပြန်လည်စည်ကားနေပြီလို့လည်း လက်ရှိနေထိုင်နေတဲ့ မြို့ခံတယောက်က ပြောပါတယ်။

MNDAA ကိုးကန့်တပ်ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေဟာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော် လားရှိုးမြို့ကို အချိန် ၁ လ အတွင်းတိုက်ခိုက်ကာ ၂၀၂၄ သြဂုတ် ၃ ရက်မှာ အပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။

၂၀၂၃ အောက်တိုဘာ ၂၇ ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေဟာ ရှမ်းပြည်မြောက်ပိုင်းအတွင်းက လောက်ကိုင်၊ ကုန်းကြမ်း၊ သိန္နီ၊ လားရှိုး၊ ကွမ်းလုံအပါအဝင် မြို့ပေါင်း ၁၀ မြို့ကျော်နဲ့ ဒေသတွင်းနယ်မြေတချို့ကို သိမ်းပိုက်ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013