
၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးလတွေမှာ အခပေးကြည့်ရှုသူ ၁၉ သန်းနီးပါးအထိ တိုးတက်လာပြီးနောက် Netflix က ဈေးနှုန်းတိုးကောက်ဖွယ် ရှိပါတယ်။
အမေရိကန်၊ ကနေဒါ၊ အာဂျင်တီးနားနဲ့ ပေါ်တူဂီ နိုင်ငံတို့မှာ ကြည့်ရှုခနှုန်းတွေ တိုးမယ်လို့ Netflix က ပြောထားပါတယ်။
ဒီလို ကြည့်ရှုခတိုးတာက Netflix ကို ပိုပြီး တိုးတက်ဖို့ ရင်းနှီးတာတွေ ပြန်လုပ်ရမှာကြောင့် အနည်းငယ် ဈေးတိုးကောက်တာပါလို့ Netflix က ပြောပါတယ်။
Netflix ဟာ မျှော်လင့်ထားတာထက် အခပေးကြည့်ရှုသူ အရေအတွက် တိုးလာတာ ဖြစ်ကြောင်းနဲ့ ဒီလို တိုးတက်လာတာက ကိုရီးယား Squid Game ဒုတိယစီးရီးကြောင့်ဖြစ်ကြောင်း ကြေညာထားပါတယ်။
Squid Game လိုပဲ ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်နဲ့ ယူကျုဘာ ဂျိတ်ပေါလ်တို့ရဲ့ လက်ဝှေ့ပွဲကလည်း ကြည့်ရှုသူတိုးစေဖို့ အကူအညီ ဖြစ်စေခဲ့ပါတယ်။
အမေရိကန်မှာ Netflix ကို ကြော်ငြာမပါဘဲ ကြည့်ရှုနိုင်ဖို့ ၁ လ ၁၅ ဒသမ ၄၉ ဒေါ်လာကနေ ၁၇ ဒသမ ၉၉ ဒေါ်လာ တိုးကောက်မှာ ဖြစ်ပါတယ်။
အမေရိကန်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာက နောက်ဆုံးဈေးတက်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက ဗြိတိန်မှာ အစီအစဉ်တချို့ ပြုလုပ်ခဲ့ချိန် ဖြစ်ပါတယ်။
Netflix က ကြော်ငြာတဲ့သူတွေကိုလည်း ၁ ဒေါ်လာကနေ ၇ ဒသမ ၉၉ နှုန်း တိုးမြှင့်ကောက်ခံမှာ ဖြစ်ပါတယ်။
Netflix ဟာ ပြီးခဲ့တဲ့နှစ်က အခပေးကြည့်သူ သန်း ၃၀၀ ကျော်ခဲ့ပြီး အောက်တိုဘာကနေ ဒီဇင်ဘာအထိ ကြည့်ရှုသူအသစ် ၉ ဒသမ ၆ သန်းရဖို့ မျှော်လင့်ထားပေမဲ့ အဲဒီပမာဏထက် အများကြီး ပိုရခဲ့ပါတယ်။
အောက်တိုဘာကနေ ဒီဇင်ဘာအထိ Netflix ရဲ့ အမြတ်ငွေဟာ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံအထိ ရှိခဲ့ကာ ပြီးခဲ့တဲ့ ၁ နှစ်ကထက် ၂ ဆ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ရောင်းချရမှုနှုန်းကလည်း ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံကနေ ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံအထိ မြင့်တက်ခဲ့ပါတယ်။
Source : Reuters










