DVB Logo
Home
နိုင်ငံတကာ
အစ္စရေးစစ်တပ်အကြီးအကဲ ဟာဇီ ဟာလေဗီ ရာထူးက နုတ်ထွက်
DVB
·
January 22, 2025
အစ္စရေးစစ်တပ်အကြီးအကဲ ဟာဇီ ဟာလေဗီ ရာထူးက နုတ်ထွက်
Donate to DVB

ဂါဇာမှာ ပါလက်စတိုင်း ဟားမတ်စ် သေနတ်သမားတွေ အစ္စရေးကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က လုံခြုံရေးတာဝန် ယိုယွင်းမှုကြီးအတွက် တာဝန်ယူတဲ့အနေနဲ့ မတ် ၆ ရက်မှာ ရာထူးကနေ နုတ်ထွက်မှာဖြစ်ကြောင်း အစ္စရေးစစ်တပ် အကြီးအကဲ ဟာဇီဟာလေဗီက ဇန်နဝါရီ ၂၁ ရက်မှာ ပြောပါတယ်။

IDF ရဲ့ အဓိကတာဝန်မှာ နိုင်ငံသူနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ဖြစ်ပြီး IDF ရဲ့ ကျရှုံးမှုတွေအတွက်ရော အောင်မြင်မှုတွေအတွက်ပါ သူ့မှာ တာဝန်ရှိပါကြောင်းနဲ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်းက သူ့ရဲ့ကွပ်ကဲမှုအောက်ရှိ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဟာ အစ္စရေးနိုင်ငံသားတွေကို ကာကွယ်ပေးရမယ့် တာဝန်ကို ပျက်ကွက်ခဲ့တာကြောင့် အဲဒီနေ့ရဲ့ ဆိုးရွားတဲ့ ရလဒ်တွေကို တာဝန်ယူသွားမှာဖြစ်တယ်လို့ ဟာလေဗီက ကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ် ဆီကို တင်လိုက်တဲ့ နုတ်ထွက်စာမှာ ရေးသားခဲ့ပါတယ်။

စစ်မှုထမ်းသက် အနှစ် ၄၀ ရှိ ဟာလေဗီက“အောက်တိုဘာ ၇ ရက်ဟာ တိုက်ပွဲနေရာတွေ များပြားရှုပ်ထွေးတဲ့ ဆုံမှတ်တွေ ဖြစ်ခဲ့တဲ့ နေ့တနေ့ ဖြစ်ပြီး အဖြစ်အပျက်တွေကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် စုံစမ်းဖော်ထုတ်ပေးစေချင်တဲ့ ကျန်ရစ်သူ မိသားစုတွေရဲ့ ဆန္ဒကို နားလည်ပေးနိုင်သလို ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်” လို့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောကြားပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ကို စေ့စေ့စပ်စပ်နဲ့ ပွင့်လင်းမြင်သာမှု အပြည့်ရှိတဲ့ စုံစမ်းစစ်ဆေးရေးကို အောက်တိုဘာ ၇ ရက်မှာ အပြီးသတ် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။

လုံခြုံရေးစိန်ခေါ်ချက်တွေအတွက် IDF ရဲ့ အဆင်သင့်ဖြစ်နေရမှုကို အားကောင်းစေရမယ် လို့လည်း ဆိုပါတယ်။

ဟားမတ်စ် တိုက်ခိုက်ခံရမှုအပေါ် လူထုက ဒေါသထွက်နေပေမဲ့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ အစိုးရကတော့ လုံခြုံရေးကျိုးပေါက်မှုအပေါ် စစ်တပ်တာဝန်ရှိမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်စုံစမ်းရေး ဖွင့်ဖို့ တောင်းဆိုမှုကို ငြင်းဆိုထားပါတယ်။

အောက်တိုဘာ ၇ ရက်ဟာ အစ္စရေးနိုင်ငံရဲ့ ရာဇဝင်မှာ အသေအပျောက်အများဆုံး နေ့တနေ့ ဖြစ်ခဲ့ပြီးနောက်မှာ စစ်တပ်အကြီးအကဲ ဟာဇီ ဟာလေဗီကို ရာထူးကဆင်းဖို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားခဲ့ကြတာပါ။

IDF ကို ဆက်ခံမယ့်သူဆီ လွှဲပြောင်းပေးမယ်လို့ ပြောကြားခဲ့ပေမဲ့ ဟာလေဗီ နေရာမှာ အစားထိုးမယ့်သူကိုတော့ နာမည် ချက်ချင်းမသိရသေးပါဘူး။

တဲလ်အဗစ်မြို့က အစ္စရေးလူထုကတော့ ဒီသတင်းကို ကြိုဆိုကြပြီး ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှု အတွင်း လုံခြုံရေး ကျိုးပေါက်သွားမှုတွေအတွက် စစ်တပ်က သူ့တာဝန်သူ ယူသင့်ကြောင်းနဲ့ တချို့ကလည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ သူ့အစိုးရလည်း နုတ်ထွက်လိုက်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ဇန်နဝါရီ ၁၉ ရက်မှာ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်လာခဲ့ပေမဲ့လည်း ဂါဇာပဋိပက္ခ အတွင်း စစ်တပ်ကို ဦးဆောင်ဖို့ အစ္စရေးနိုင်ငံမှ လူကောင်းတွေ လိုအပ်နေကြောင်း ပြောကြားခဲ့ကြပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013