DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယား၌ ကလေးမွေးနှုန်း မြင့်တက်
DVB
·
January 22, 2025
တောင်ကိုရီးယား၌ ကလေးမွေးနှုန်း မြင့်တက်
Donate to DVB

တောင်ကိုရီးယားရဲ့  ၂၀၂၄ ခုနှစ် ကလေးမွေးမှုနှုန်းက ၉ နှစ်အတွင်း ပထမဆုံးအကြိမ် မြင့်တက်ခဲ့ပါတယ်။

ဒါဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အိမ်ထောင်ပြုမှု နောက်ကျခဲ့ပြီးနောက် အိမ်ထောင်ပြုမှုနဲ့ ကလေးမွေးဖွားမှုနှုန်း ပြန်မြင့်လာတာပါ။

တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့ကလေးမွေးဖွားမှုနှုန်း အနည်းဆုံးနိုင်ငံအဖြစ် စံချိန်တင်ခဲ့တဲ့နိုင်ငံ ဖြစ်ပေမဲ့ ၂၀၂၄ ဇန်နဝါရီလကနေ နိုဝင်ဘာလအတွင်း ၃ ရာခိုင်နှုန်း တိုးလာတာဖြစ်ပါတယ်။

အစိုးရရဲ့ လအလိုက်ဖော်ပြတဲ့ အချက်အလက်တွေအရ ကလေးအရေအတွက် ၂၂၀,၀၉၄ အထိ တိုးလာတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ၂၀၂၃ ခုနှစ်က ကလေးမွေးမှုနှုန်း ၇ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၈ နှစ်ဆက်တိုက် ကလေးမွေးမှု ကျဆင်းခဲ့တာပါ။

ဒါဟာ နှစ်အလိုက် ကလေးမွေးမှုနှုန်း ၀ ဒသမ ၇၂ သာရှိပြီး ကမ္ဘာ့ကလေးမွေးမှုနှုန်း အနည်းဆုံး ဖြစ်လာတာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကြောင့် မင်္ဂလာဆောင်ဖို့ ရွှေ့ဆိုင်းခဲ့ကြသူတွေက ကပ်ရောဂါအပြီး ၂၀၂၃ ခုနှစ်မှာ အိမ်ထောင်ပြုမှုနှုန်း မြင့်ခဲ့ပါတယ်။

ဒါဟာ ၁၂ နှစ်အတွင်း ကိုရီးယားနိုင်ငံမှာ မင်္ဂလာဆောင်မှုနှုန်း ပထမဆုံးအကြိမ် တိုးလာတာ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေမှာ အိမ်ထောင်ပြုတာနဲ့ ကလေးမွေးဖွားမှုနှုန်းက ဆက်စပ်နေပါတယ်။

တောင်ကိုရီးယားအစိုးရရဲ့ ပြီးခဲ့တဲ့နှစ် စစ်တမ်းအရ အိမ်ထောင်မပြုဘဲ ကလေးမွေးမှုကို ၆၂ ဒသမ ၈ ရာခိုင်နှုန်း ဆန့်ကျင်ကြောင်း တွေ့ရပြီး ၁၀ စုနှစ်အတွင်း ၇၇ ဒသမ ၅ ရာခိုင်နှုန်း ကလေးမွေးမှု ကျဆင်းခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ကလေးမွေးမှုနှုန်း ၉ ဒသမ ၅၄ သန်းရှိပြီး ၅ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့တာကလည်း ကပ်ရောဂါကြောင့် အိမ်ထောင်ပြုဖို့ နောက်ကျခဲ့တာကနေ အခုလိုတိုးလာတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က လူငယ်တွေ အိမ်ထောင်ပြုဖို့နဲ့ ကလေးယူဖို့ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ဖမ်းဆီးခံထားရတဲ့ သမ္မတ ယွန်းကလည်း လူဦးရေတိုးတက်ဖို့ ဝန်ကြီးဌာနအနေနဲ့ ကလေးမွေးဖွားမှု စရိတ်အသစ်ပေးဖို့ ပြောခဲ့သလို စီစဉ်ခဲ့ဖူးပါတယ်။

၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း ကလေးမွေးတဲ့ စုံတွဲတွေဟာ ယွမ်ငွေ ၅၀၀,၀၀၀ အခွန်သက်သာခွင့်ရမှာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013