DVB Logo
Home
မြန်မာသတင်း
ဟားခါးတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
DVB
·
January 22, 2025
ဟားခါးတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ထပ်မံအလင်းဝင်ရောက်လာကြတယ်လို့ Chinland Defense Force-Hakha (CDF-Hakha) က ဇန်နဝါရီ ၂၁ ရက်က ချင်းဘာသာနဲ့ သတင်းထုတ်ပြန်ပါတယ်။

CDF-Hakha တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဟားခါးမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်က ပျူစောထီးလို့ခေါ်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ဦးပေါ့။ စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူနဲ့ပူးပေါင်းပါဝင်လိုတာကြောင့် အလင်းဝင်ရောက်လာကြသူတွေဖြစ်တယ်”လို့ ပြောပါတယ်။

အဆိုပါပျူစောထီးအဖွဲ့ဝင် ပြည်သူ့စစ် ၄ ယောက်ဟာ  ဇန်နဝါရီ ၈ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

Chin National Army ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ သူတို့ ၄ ယောက်မှာ ၃ ယောက်က သေနတ်ပါလာတယ်။ လက်နက်ခဲယမ်းတွေပါလာတဲ့ သူတို့ ၃ ယောက်ကို ဆုကြေးငွေတွေ အသီးသီးချီးမြှင့်ပြီးလို့ ၄ ယောက်လုံးကို လွတ်မြောက်နယ် မြေရောက်အောင် တာဝန်ယူ ဆောင်ရွက်ပေးခဲ့​ပြီးပါပြီ။ နောက်ထပ်လည်း စစ်ကောင်စီလက်အောက်မှာ တာဝန် မထမ်းဆောင်လိုကြဘဲ ပြည်သူနဲ့ပူပေါင်းပါဝင်လိုကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လည်း အမြဲကြိုဆိုနေ ပါတယ်။ အချိန်မရွေးလည်း ဆက်သွယ်လာနိုင်ပါတယ်။ အစစအရာရာ တာဝန်ယူပြီး လွတ်မြောက်နယ်မြေရောက်တဲ့အထိ တာဝန်ယူဆောင်ရွက်ပေးသွားမှာပါ” လို့ ပြောပါတယ်။

ဇန်နဝါရီ ၃ ရက်၊ ၆ ရက်နဲ့ ၇ ရက်တွေကလည်း ဟားခါးမြို့ပေါ်က ပြည်သူ့စစ် ၃ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဟားခါး CDF ဆီကို အလင်းဝင်ရောက်လာခဲ့ကြသေးလို့ အခုလထဲမှာတင် ဟားခါးမြို့ပေါ်က ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၇ ယောက် အထိ လက်နက်ခဲယမ်းတွေနဲ့အတူ ဟားခါး CDF ဆီကို အလင်းဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။

ချင်းပြည်နယ်ထဲမှာ ချင်းညီနောင်တပ်ဖွဲ့တွေက Operation CB အဖြစ် ဖလမ်းမြို့နဲ့ မင်းတပ်မြို့တွေမှာ မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်ခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ နီးပါး လက်နက်ချအညံ့ခံထား ပါတယ်။

ဇန်နဝါရီ ၁၀ ရက် မှာလည်း ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ရတဖ ၂၆ တပ်ရင်းက စစ်ကောင်စီရဲတပ်ဖွဲ့ တယောက် ဟာလည်း လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာလို့ ဆုကြေးငွေချီးမြှင့်ပေးအပ်ခဲ့တယ်လို့လည်း CDF Civic Defense Militia (CDF CDM SIYIN) ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013