DVB Logo
Home
နိုင်ငံတကာ
တရုတ်နှင့် ရုရှား ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ကတိပြု
DVB
·
January 22, 2025
တရုတ်နှင့် ရုရှား ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ကတိပြု
Donate to DVB

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဇန်နဝါရီ ၂၁ ရက်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဗီဒီယို ဖုန်းခေါ်ဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ၄၇ ယောက်မြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့်ပ်က ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တရုတ်နဲ့ ရုရှားတို့ရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်ဖို့ အဆိုပြုခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ပူတင်က ပေကျင်းမြို့တော်ဆီ အလည်အပတ်ရောက်ချိန်မှာ တရုတ်နဲ့ ရုရှားတို့ကြား ကန့်သတ်ချက်မရှိတဲ့ မိတ်ဖက်ဆက်ဆံရေးကို ကြေညာခဲ့ပါတယ်။

ယူကရိန်းနိုင်ငံဆီ သောင်းသိန်းချီတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့အပြီး မကြာသေးမီလတွေအတွင်း ပူတင်က တရုတ်နိုင်ငံကို မဟာမိတ်အဖြစ် ဖော်ပြခဲ့ပါတယ်။

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) က ပံ့ပိုးပေးတဲ့ ယူကရိန်းတပ်ဖွဲ့တွေကို စစ်ပွဲဆင်နွှဲနေတဲ့ ရုရှားနဲ့ ကြီးထွားလာနေတဲ့ စစ်ရေး၊ စီးပွားရေး အင်အားကို တန်ပြန်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုအောက်က တရုတ်တို့ဟာ တူညီတဲ့ ပထဝီဝင်နိုင်ငံရေး အကြောင်းရင်းကို ပိုတိုးပြီး တွေ့ရှိခဲ့ကြတာပါ။

ကွမ်တမ် ကွန်ပြူတာတွက်ချက်ခြင်းကနေ ဓာတုဇီဝဗေဒဆိုင်ရာ သူလျှိုလုပ်ခြင်းနဲ့ စစ်အင်အားအထိ တရုတ်နိုင်ငံက အမေရိကန်ရဲ့ စိုးမိုးရေးကို စိန်ခေါ်နေသလို အနောက်အုပ်စုကို သရုပ်ပျက်အဖြစ် သဘောထားတဲ့ ပူတင်နဲ့ ရှီတို့ဟာ ကျယ်ပြန့်တဲ့ ကမ္ဘာ့အမြင်ကို မျှဝေထားကြပါတယ်။

“ကျနော်တို့က ပိုမျှတတဲ့ ဝင်ရိုးစွန်းကမ္ဘာ့စည်းမျဥ်းကို တည်ဆောက်ဖို့ ပူးတွဲထောက်ခံအားပေးပြီး ယူရေးရှားဒေသရဲ့ အာကာသနဲ့ ကမ္ဘာတခုလုံးမှာ ခွဲခြားလို့မရတဲ့ လုံခြုံရေးကို သေချာစေဖို့ ဆောင်ရွက်နေတယ်” လို့ ပူတင်က ပြောပါတယ်။

ရုရှားနဲ့ တရုတ်ကြား နိုင်ငံခြားရေးမူဝါဒ ဆက်ဆံရေးနဲ့ ပူးတွဲလုပ်ဆောင်ချက်တွေက နိုင်ငံတကာရေးရာမှာ အရေးကြီးတဲ့ တည်ငြိမ်မှု အခန်းကဏ္ဍကနေ ဓမ္မဓိဋ္ဌာန်ကျကျ ပါဝင်နေတယ်ဆိုတာ ပြောလို့ ရပါတယ် လို့လည်း ပူတင်က ပြောပါတယ်။

အမေရိကန်က တရုတ်ကို သူ့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်အဖြစ် သတ်မှတ်ပြီး ရုရှားကို အကြီးမားဆုံး နိုင်ငံရေး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားတာပါ။

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေဟာ တရုတ်နဲ့ ရုရှားလို ‘အာဏာရှင်စနစ်’ ဆီက စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောခဲ့ပါတယ်။

တရုတ်ဟာ ရုရှားရဲ့ အဓိကကုန်သွယ်ဘက်လို့ ပူတင်က ပြောခဲ့ပြီး ကုန်သွယ်မှုပမာဏဟာ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၂၄၅ ဘီလီယံအထိ မြင့်တက်လာခဲ့တယ်လို့ တရုတ်စာရင်းအင်းတွေက ပြထားပါတယ်။

ရုရှားဟာ တရုတ်နိုင်ငံရဲ့ ပဉ္စမမြောက် အကြီးဆုံးကုန်သွယ်ဘက်အဖြစ် အဆင့်သတ်မှတ်ထားတယ်လို့ ပူတင်က ပြောပါတယ်။

တရုတ်နိုင်ငံဟာ ရုရှားစွမ်းအင်ကို အများဆုံး သုံးစွဲသူဖြစ်ပြီး ရုရှားအတွက် အကြီးဆုံးသော တခုတည်းသော ရေနံတင်ပို့တဲ့ စျေးကွက်ဖြစ်တယ်လို့ ပူတင်က ပြောခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013