DVB Logo
Home
မြန်မာသတင်း
အောင်ဇေယျစစ်ကြောင်းကနေ အလင်းဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ငွေသားဆုချီးမြင့်
DVB
·
January 22, 2025
အောင်ဇေယျစစ်ကြောင်းကနေ အလင်းဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ငွေသားဆုချီးမြင့်
Donate to DVB

ကရင်ပြည်နယ် တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၃၁ ဗျူဟာစစ်ကြောင်းကို အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို တာဝန်ရှိသူက မြန်မာကျပ်ငွေ ၅ သိန်းဆီ ဆုငွေအဖြစ် ပေးအပ်ခဲ့တယ်လို့ ၃၁ ဗျူဟာ တော်လှန်ရေးတပ်ဖွဲ့​တွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့က စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးပြုလုပ်နေတဲ့ အောင်ဇေယျစစ်ကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။

အမှတ် ၃၁ ဗျူဟာစစ်ကြောင်း၊ လုံခြုံရေးတပ်ခွဲမှူး မြင့်ဇော် က “ဇန်နဝါရီလ ၁၈ ရက်နေ့က ဝင်ရောက်လာတာပါ။ တပ်မ ၅၅ လက်အောက်ခံ ရပ်စောက်အခြေစိုက်တပ်ရင်း ခမရ ၁၁၇ ကနေ အာရှလမ်းပိုင်းက အောင်ဇေယျစစ်ကြောင်းကို အပို့ခံရတာဖြစ်ပြီး အဲဒီကနေ တောင်ပိုင်းတိုင်းစစ်ဒေသ ဗျူဟာ ၃၁ ကို အလင်းဝင်ရောက်လာတာဖြစ်တယ်”လို့ DVB ကိုပြောပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ မြန်မြန်လေး အလင်းဝင်ရောက်ကြဖို့ ခြုံရေးတပ်ခွဲမှူးက တိုက်တွန်းထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းဟာ KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီတပ်ဘက်က ခံစစ်အနေနဲ့ တိုက်ခိုက်နေရပါတယ်။

စစ်ကောင်စီက နိုင်ငံတာ်အဆင့် အောင်ဇေယျ စစ်ကြောင်းနာမည်နဲ့ စစ်ဆင်ရေးပြုလုပ်နေတဲ့ကြားက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်ရောက်လာတာ အရာရှိစစ်သည် ၁၀၀ ကျော်အထိရှိနေပြီလို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013