
အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဂျာဗားဒေသရဲ့ ပီကာလောင်ဂန်မြို့ မှာ မြေပြိုမှုတခုကြောင့် လူ ၁၆ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံရဲ့ ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီက တာဝန်ရှိသူတယောက်နဲ့ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၁ ရက်မှာ ပြောပါတယ်။
အဲဒီဒေသမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုခဲ့တာလို့ နိုင်ငံရဲ့ ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီမှ ဘဲရ်ဂတ်စ် ကာတူရာစီက ကွန်မ်ပါစ် ရုပ်သံသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ပျောက်ဆုံးနေသူတွေကို ရှာဖွေရေးမှာ မိုးရွာတာကြောင့် အဟန့်အတား ဖြစ်နေကြောင်းလည်း ဘဲရ်ဂတ်စ်က ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ အထူးသဖြင့် မိုးရာသီမှာ မြေပြိုမှုတွေ မကြာခဏ ဖြစ်ပွားတတ်ပါတယ်။ ဝေးလံခေါင်သီတဲ့ ခရိုင်တွေမှာ သစ်တောပြုန်းတီးမှုနဲ့ အသေးစား တရားမ၀င် တူးဖော်မှု လုပ်ငန်းတွေကြောင့် မြေပြိုမှုအန္တရာယ် မကြာခဏ မြင့်တက်လာတာ ဖြစ်ပါတယ်။
Source : Reuters










