DVB Logo
Home
နိုင်ငံတကာ
လူသတ်မုဒိမ်းသမားကို အိန္ဒိယတရားရုံး ထောင်တသက်ချ
DVB
·
January 21, 2025
လူသတ်မုဒိမ်းသမားကို အိန္ဒိယတရားရုံး ထောင်တသက်ချ
Donate to DVB

အိန္ဒိယရှိ ကာလကတ္တားဆေးရုံမှာ မုဒိမ်းမှုနဲ့ လူသတ်မှု ကျူးလွန်ခဲ့သူကို တရားရုံးက ထောင်ဒဏ်တသက် ချမှတ်ခဲ့ပါတယ်။

ကျူးလွန်သူကို သေဒဏ်ပေးဖို့ တောင်းဆိုမှုတွေရှိပေမဲ့ ဒီပြစ်မှုဟာ ရှားပါးပြစ်မှု မဟုတ်ဘူးဆိုတဲ့ ပြောကြားချက်နဲ့ တောင်းဆိုမှုတွေကို ငြင်းပယ်ပြီး ထောင်တသက် ချမှတ်ခဲ့တာပါ။

သေဆုံးသူ အငယ်တန်းဆရာဝန်ရဲ့ ရုပ်အလောင်းကို ဩဂုတ် ၉ ရက်က RG ကာ ဆေးကောလိပ် စာသင်ခန်းထဲမှာ တွေ့ရှိခဲ့ပြီးနောက် အိန္ဒိယနိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အမျိုးသမီးတွေဘဝ လုံခြုံမှုမရှိဘူးဆိုပြီး တနိုင်ငံလုံး ဆန္ဒပြခဲ့ကြသလို တခြားဆရာဝန်တွေကလည်း ပြည်သူ့ဆေးရုံတွေမှာ ပိုကောင်းတဲ့ လုံခြုံရေးရှိဖို့နဲ့ တရားမျှတမှုအတွက် ရက်သတ္တပေါင်းများစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ကျူးလွန်သူဟာ ဆန်ဂျေးရွိုင်း ဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့လုပ်အားပေးတယောက်ဖြစ်ကာ သူ့ကို တရားရုံးက ထောင်ဒဏ်တသက် ချမှတ်ခဲ့တာပါ။

ရွိုင်းကတော့ ဒီအမှုမှာ သူက အပြစ်မရှိဘဲ စွပ်စွဲခံရတာလို့လည်း ပြောကြားထားပါတယ်။ ဒီအမှုကို စုံစမ်းတဲ့ ပြည်နယ်ရဲတပ်ဖွဲ့က အရမ်းရှားပါးတဲ့ အမှုတခုဖြစ်တယ်လို့ ပြောခဲ့ပြီး သေဒဏ်ချမှတ်ခံရနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။

တရားသူကြီးကတော့ အမှုကို ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ ဒီအမှုဟာ “ရှားရှားပါးပါး ဖြစ်တဲ့အမှု” မဟုတ်ကြောင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒါ့အပြင် တရားခံဟာ တရားရုံးချုပ်မှာ အယူခံဝင်နိုင်တယ်လို့လည်း ပြောပါတယ်။

ဆုံးဖြတ်ချက်ချချိန်မှာ အငယ်တန်းဆရာဝန်ရဲ့ မိဘတွေလည်း ရုံးကိုလာရောက်ခဲ့ပြီး လုံခြုံရေးလည်း တိုးမြှင့်ချထားခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

မိဘတွေကတော့ တရားရုံးက သက်သေပြတာကို ကျေနပ်မှုမရှိကြောင်းနဲ့ ဒီအမှုမှာ လူတယောက်ထက် ပိုပြီး ပါဝင်နိုင်ကြောင်းလည်း အစောပိုင်းက ပြောထားဖူးပါတယ်။

အိန္ဒိယပြည်နယ်ရဲတွေက စုံစမ်းမှုမှာ ၁၂၈ ယောက်ကို မေးမြန်းခဲ့ပြီး ၅၁ ယောက်ကို နိုဝင်ဘာလမှာ စုံစမ်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က ဒေသခံရဲစခန်း အကြီးအကဲနဲ့ ကောလိပ်ကျောင်းအုပ်တို့ကိုလည်း အမှုရဲ့ သက်သေအထောက်အထား ပျက်ယွင်းမှုနဲ့ပတ်သက်ပြီး တရားစွဲထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013