DVB Logo
Home
နိုင်ငံတကာ
ထိုင်းသက်ကြီးရွယ်အို ၃ သန်းကျော် ဘတ် ၁၀,၀၀၀ စီရရှိမည်
DVB
·
January 21, 2025
ထိုင်းသက်ကြီးရွယ်အို ၃ သန်းကျော် ဘတ် ၁၀,၀၀၀ စီရရှိမည်
Donate to DVB

ထိုင်းအစိုးရရဲ့ ဘတ်ငွေ ၁၀,၀၀၀ အကူအညီပေးမှု အစီအစဉ် ဒုတိယအဆင့်အနေနဲ့ ဘတ်ငွေ ၁၀,၀၀၀ စီကို သက်ကြီးရွယ်အို ၃ သန်းကျော် ရရှိမှာဖြစ်တယ်လို့ ထိုင်းဘဏ္ဍာရေးဒုဝန်ကြီး ပါအိုဖွန် ရိုဂျန်နာဆကူလ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Bangkok Post သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

မစ္စတာ ပါအိုဖွန်က နောက်ဆုံး သုံးသပ်ချက်အရ ဒီအစီအစဉ်မှာ အကျုံးဝင်မယ့် အသက် ၆၀ အထက် သက်ကြီးရွယ်အိုဦးရေ ၃ ဒသမ ၀၄ သန်းရှိပြီး ဒီအထဲမှာ အယောက် ၂၀၀၀၀ နီးပါးကတော့ ကွယ်လွန်သွားခဲ့ပြီလို့ ဆိုပါတယ်။

အစီအစဉ်မှာ အကျုံးဝင်တဲ့ တယောက်ချင်းဟာ ထိုင်းအစိုးရရဲ့ Tang Rat အက်ပလီကေးရှင်း ကနေ သတ်မှတ်အရည်အချင်းပြည့်မီကြောင်း မနက်ဖြန် ဗုဒ္ဒဟူးနေ့က စတင်ကာ အတည်ပြုကြရမှာဖြစ်ပြီး အစီအစဉ်အတွက် အရည်အချင်းပြည့်မီသူတွေက ဇန်နဝါရီ ၂၇ ရက်က စတင်ပြီးတော့ ငွေသားလွှဲပြောင်းမှုကို လက်ခံရရှိမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ  ဖွေ့ထိုင်းပါတီအစိုးရက သူတို့မဲဆွယ်စဉ် ကတိပြုထားခဲ့တဲ့ လူတဦးကို ဘတ်ငွေ ၁၀,၀၀၀ စီ ပေးမယ်ဆိုတဲ့အတိုင်း  အဆိုပါအစီအစဉ်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၅ ရက်မှာ ဆင်းရဲနွမ်းပါးသူ၊ မသန်စွမ်းသူ ၁၄ သန်းခွဲကို ပထမအဆင့်အနေနဲ့ စတင်ထုတ်ပေးခဲ့တာဖြစ်ပြီး ဒုတိယအဆင့်မှာတော့ သက်ကြီးရွယ်အိုတွေကို ပေးမှာဖြစ်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ ခုလိုဖြန့်ဝေပေးမှုကနေ စီးပွားရေး ရှင်သန်လာစေဖို့နဲ့ သက်ကြီးရွယ် အိုတွေသုခချမ်းသာ တိုးပွားစေဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ အစိုးရပြောရေးဆိုခွင့်ရှိသူ ဆာဆီကန် ဝပ်ထနာချန်က အစီအစဉ်မှာ အကျုံးဝင်သူ သက်ကြီးရွယ်အိုတွေအနေနဲ့ လာမယ့် အချိန် ၂ ရက်အတွင်းမှာ သတ်မှတ် အရည်အချင်းပြည့်မီကြောင်း အတည်ပြုသင့်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မှတ်ပုံတင်ခြင်းအဆင့်ဆင့်မှာ ကျွမ်းကျင်မှုအားနည်းလို့ဖြစ်စေ အခက်အခဲ တစုံတရာကြုံတွေ့ရပါက မိသားစုဝင်တွေအနေနဲ့ ကူညီပေးကြဖို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်ရဲ့ မှတ်ပုံတင်နဲ့ PromptPay အကောင့် ချိတ်ဆက်မှု သေချာစေဖို့ စတာတွေကို ကူညီပေးဖို့လည်း တိုက်တွန်းထားပါတယ်။

Source: Bangkok Post 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013