DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီတင်သွင်းရန် ဒေါ်လာ ၂၄ သန်းနှင့် ဘတ် သန်း ၁၅၀  ဗဟိုဘဏ် ထပ်မံထုတ်ရောင်းမည်
DVB
·
March 4, 2025
စက်သုံးဆီတင်သွင်းရန် ဒေါ်လာ ၂၄ သန်းနှင့် ဘတ် သန်း ၁၅၀  ဗဟိုဘဏ် ထပ်မံထုတ်ရောင်းမည်
Donate to DVB

စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၂၃ သန်း နဲ့  ထိုင်းဘတ် သန်း ၁၅၀ ရောင်းချပေးမယ်လို့ မတ်လ ၃ ရက်က ထပ်မံ ကြေညာပါတယ်။

ဗဟိုဘဏ်ဟာ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက်  အမေရိကန်ဒေါ်လာ ၂၃ သန်းနဲ့ ထိုင်းဘတ်သန်း ၁၅၁ သန်းကျော်ကို ထုတ်‌ရောင်းပေးခဲ့တာဖြစ်လို့ သီတင်းပတ်နှစ်ပတ်ဝန်းကျင် အတွင်းမှာ စက်သုံးဆီကဏ္ဍအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၆ သန်းနဲ့ ဘတ် သန်း ၃၀၀ ကျော်ကိုထုတ်ရောင်းချပေးမှာ ဖြစ်ပါတယ်။

အဲဒီလို ရောင်းချနေပေမဲ့ တဘက်မှာတော့ စင်ကာပူ MOPS ဈေးနဲ့ ပြင်ပ‌ ဒေါ်လာပေါက်ဈေး အပေါ်မူတည်ပြီး ဈေးအတက်အကျ ဖြစ်လေ့ရှိတဲ့ ပြည်တွင်း စက်သုံးဆီဈေးဟာ ဒေါ်လာဈေးရော၊ စင်ကာပူ MOPS ဈေးပါ အကျဘက် ပြနေတဲ့ကြားက ပြီးခဲ့တဲ့ သီးတင်းပတ်မှာ ဈေးအနည်းငယ် ထပ်မံမြင့်တက်လာပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဟာ အရင်ကလည်း စက်သုံးဆီဈေးနှုန်းကြီးမြင့်ရာက အခြေခံ ကုန်ဈေးနှုန်းကြီးမြင့်လာမှုကို သက်သာစေဖို့အတွက် ဆိုပြီး ငွေကြေး ဈေးကွက်ထဲကို အမေရိကန် ဒေါ်လာ သန်းရာနဲ့ ချီပြီး ထုတ်ရောင်းခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ စက်သုံးဆီဈေးမြင့်တက်တာနဲ့အတူ  အခြေခံ စားကုန်နဲ့  ကုန်ပစ္စည်းဈေးနှုန်း တွေကလည်း ၂ ဆ ၃ ဆအထိ မြင့်တက်နေဆဲပဲ ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာမသိမ်းခင်က တလီတာကို ကျပ် ၆၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရာက  လက်ရှိမှာ တလီတာကို ကျပ် ၃၀၀၀ ကျော်ထိ ၅ ဆ ကျော် ဈေးနှုန်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ကျပ်ငွေ တန်ဖိုး ကျဆင်းမှုနဲ့အတူ  စက်သုံးဆီဈေးနှုန်း မြင့်တက်လာတဲ့အတွက် သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ ကုန်ပစ္စည်း ထုတ်လုပ်မှု စရိတ်တွေလည်း ပိုကြီးမြင့်လာပြီး အခြေခံစားသောက်ကုန်နဲ့ ကုန်ပစ္စည်း ဈေးတွေလည်း ဈေးနှုန်း ဆက်လက် မြင့်တက်နေတာပါ။

လက်ရှိမှာ စစ်ကောင်စီ ဗဟိုဘဏ်က အမေရိကန်တဒေါ်လာကို တရားဝင်ရည်ညွှန်းဈေး ၂၁၀၀ ကျပ်သတ်မှတ်ထားပြီး Online Training Platform မှာ အရောင်းအဝယ်ဖြစ်တဲ့ ငွေလဲနှုန်းက ၃၆၀၀ ဝန်းကျင်ရှိ ပေမဲ့ ပြင်ပ ဈေးကွက်မှာ ၄၄၅၀ ကျပ်ထိ ပေါက် ဈေးရှိနေပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013