DVB Logo
Home
မြန်မာသတင်း
မဟာဗန္ဓုလတံတားပေါ်တွင် ကားတိုက်ခံရသဖြင့် အမျိုးသမီး ‌၂ ဦး သေဆုံး
DVB
·
January 20, 2025
မဟာဗန္ဓုလတံတားပေါ်တွင် ကားတိုက်ခံရသဖြင့် အမျိုးသမီး ‌၂ ဦး သေဆုံး
Donate to DVB

ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်နဲ့ ဒေါပုံမြို့နယ်ကို သွယ်တန်းထားတဲ့ မဟာဗန္ဓုလတံတားပေါ်မှာ ဇန်နဝါရီ ၁၉ ရက် ညနေ ၆ နာရီ ၁၅ မိနစ်လောက်က အမျိုးသမီး ၂ ယောက် ကားတိုက်ခံရပြီး သေဆုံးသွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ကိုယ်ဝန်ဆောင် အသက် ၃၀ ဝန်းကျင် အမျိုးသမီးတယောက်နဲ့ အသက် ၂၀ အရွယ် အမျိုးသမီးတယောက်ဖြစ်ပြီး ဒေါပုံဘက်အဆင်း တံတားညာဘက် ပလက်ဖောင်းပေါ်ကနေ လမ်းလျှောက်လာရာက ကားတွေရဲ့ ဝင်တိုက်တက်ကြိတ်တာကို ခံခဲ့ရတာပါ။

ကားကြိတ်ခံရတာအပြင် ကားတွေနဲ့ ငြိပါသွားတာကြောင့် ဦးခေါင်းပွင့်ထွက် ဒဏ်ရာတွေ ရရှိကာ ပွဲချင်းပြီး သေဆုံးသွားသလို ရုပ်အလောင်းတခုနဲ့ တခုဟာ ၁၀ ကိုက်လောက်အထိ ဝေးနေကြပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “တံတားက ဒေါပုံအခြမ်းက မီးပြတ်လို့ မှောင်နေတယ်။ ဒီဘက်က မီးလာတယ်။ အတိုက်ခံရတာက မှောင်တဲ့ဘက် ညာဘက်ခြမ်းမှာ။ အလုပ်ပြန်လာသူတွေလို့ ယူဆလို့ရတယ်။ အသက် ၃၀ အမျိုးသမီးက ကိုယ်ဝန်ရှိနေပါတယ်” လို့ ပြောပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိဖို့ လုပ်နေပြီး ဝင်တိုက်သွားတဲ့ကားနဲ့ ယာဉ်မောင်းကိုတော့ သက်ဆိုင်ရာ အဖွဲ့တွေက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ကူညီကယ်ဆယ်ရေးကို မြို့ခံအသင်း ၃ သင်းက လာရောက်လုပ်ဆောင်ခဲ့ကြပြီး ရုပ်အလောင်းတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရင်ခွဲဌာနကို ပို့ဆောင်ပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013