
လာမဲ့ နို၀င်ဘာ ၁ ရက်ကစပြီး ရန်ကုန်မြို့တွင်း တချို့နေရာတွေမှာ ယာဉ်ရပ်နားခ ကောက်ခံသွားမယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ရန်ကုန်တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
နေ့စဉ် မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ ကောက်ခံသွားမှာဖြစ်ပြီး ယာဉ်ရပ်နားခ ၁ နာရီကို ၅၀၀ ကျပ် ကောက်ခံမယ်လို့ ဆိုပါတယ်။
သတ်မှတ်ချိန် ၁ နာရီ ကျော်သွားရင် မိနစ် ၃၀ အတွက် ကျပ် ၃၀၀၊ မိနစ် ၆၀ ဆို ကျပ် ၅၀၀ ထပ်မံပေးဆောင်ရမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
ယာဉ်ရပ်နားခတွေကို ကမ်းနားလမ်းကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်းအထိ၊ အလားတူ ရာဇဓိရာဇ်လမ်းကနေ အောင်ရတနာလမ်းအထိ ဇုန် ၈ ခု ခွဲခြားပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ဒီလုပ်ငန်းတွေကိုတော့ သတင်းစာကနေ တင်ဒါခေါ် လုပ်ကိုင်ခွင့်ပေးမယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုနဲ့ လမ်းပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် ယာဉ်သွားလာမှု ထိန်းချုပ်ရေးဗဟိုစင်တာ (Traffic Control Center) မှ လမ်းဆုံ ၁၅၄ နေရာမှ CCTV ကင်မရာ ၆၆၄ လုံး တပ်ဆင်ချိတ်ဆက်ပြီး စောင့်ကြည့်ထိန်းချုပ် ဆောင်ရွက်နေတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်မြိုင်က ပြည်သူ့လွှတ်တော်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်အမတ်ရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။











