DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ကလေးမွေးဖွားနှုန်း ၇၅ နှစ်အတွင်း စံချိန်တင်ကျ
DVB
·
January 20, 2025
ထိုင်းတွင် ကလေးမွေးဖွားနှုန်း ၇၅ နှစ်အတွင်း စံချိန်တင်ကျ
Donate to DVB

ထိုင်းနိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ ၇၅ နှစ်အတွင်း စံချိန်တင်ကျဆင်းသွားပြီး သက်ကြီးရွယ် အိုနှုန်းက မြင့်မားလာတယ်လို့ ဘန်ကောက် မဟီဒေါလ်တက္ကသိုလ် လူဦးရေနဲ့ လူမှုရေးဆိုင်ရာ သုတေသနဌာနက  ပြီးခဲ့တဲ့အပတ်က  ထုတ်ပြန်ပါတယ်။

ထိုင်းပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးရုံး မှတ်ပုံတင်ဌာနရဲ့ စာရင်းဇယားတွေအရ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ထိုင်းလူဦးရေ ၆၉,၉၅၁,၂၁၀ ရှိပြီး မွေးဖွားတဲ့ကလေး ၄၆၂ , ၂၄၀ ဦးရှိတယ်၊ သေဆုံးသူဦးရေမှာ ၅၇၁, ၆၄၆ ဦး ရှိတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းမှာ ၀ ဒသမ ၁၇ နှုန်းသာရှိပြီး ၄ နှစ်ဆက် တိုက်ကျဆင်းခဲ့တယ်၊  ထိုင်းအမျိုးသမီးတွေရဲ့ ကလေးမီးဖွားမှုနှုန်းမှာ ပျှမ်းမျှအားဖြင့် တဦးလျှင် ၁ ဒသမ ၀ ဦးနှုန်းသာ မွေးဖွားတယ်၊ ဒါဟာ မွေးဖွားမှုနှုန်းကျဆင်းနေတဲ့ တောင်ကိုးရီးယား၊ စင်ကာပူနဲ့ တရုတ်နိုင်ငံတို့နဲ့  နီးစပ်လာပြီ၊ ထိုင်းနိုင်ငံရဲ့ ကလေးမွေးနှုန်းဟာ ၇၅ နှစ်အတွင်း စံချိန်တင်ကျဆင်းသွားပြီလို့  မဟီဒေါလ်တက္ကသိုလ် လူဦးရေနဲ့ လူမှုရေးဆိုင်ရာ သုတေသနဌာနမှူး ပါမောက္ခ ဒေါက်တာ ချလိုမ်ဖုန်း ကျဲမ်ကျန်က ဇန်နဝါရီ ၁၅ ရက်မှာပြုလုပ်တဲ့ ဆွေး‌နွေးပွဲတခုမှာ ပြောသွားပါတယ်။ 

သက်ကြီးရွယ်အိုတွေဟာ ထိုင်းနိုင်ငံရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းထိ တိုးပွားလာတဲ့အတွက် ထိုင်းမှာ ကလေးမွေးနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုအသိုက်အဝန်းကို အပြည့်အဝရောက်ရှိလာပြီလို့  ဆွေးနွေးပွဲမှာ ပြောပါတယ်။ 

ထိုင်းနိုင်ငံရဲ့ လူဦးရေကျဆင်းနှုန်းဟာ နိုင်ငံရဲ့လုပ်သားအင်အားကိုပါ ထိခိုက်စေတယ်၊ ထိုင်းမှာ လက်ရှိ အလုပ်သမားအင်အား ၃၇ ဒသမ ၂ သန်းရှိတာမှာ ဒီပုံအတိုင်းဆို နောက်ထပ်နှစ်ပေါင်း ၅၀ ကျရင် ၂၂ ဒသမ  ၈ သန်းသာကျန်ရှိမယ်၊ ထိုင်းလုပ်သားဦးရေ ၁၅ သန်းလျော့သွားတာနဲ့ တူညီတယ်၊ ဒါဟာ နိုင်ငံလူဦးရေလျော့နည်းမှု ပြဿနာဖြစ်တယ်၊ ဒါကိုသိရှိပြီး ကောင်းမွန်စွာ ဖြေရှင်းနိုင်မယ်ဆိုရင်တော့ ပြဿနာကို ကြိုတင်ကာကွယ်နိုင်မယ်လို့ ဒေါက်တာ ချလိုမ်ဖုန်းက ပြောပါတယ်။

အခွင့်အလမ်းနဲ့ ရွေးချယ်ခွင့် ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးရာမှာတော့ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေကို လုပ်ငန်းခွင်တွေမှာ ပိုမိုပါဝင်ခွင့်နဲ့ အမျိုးသမီးတွေဟာ မှီခိုသူမဟုတ်ဘဲ ကုန်ထုတ်လုပ်မှုစွမ်းအားရှင်တွေအဖြစ် ဖန်တီးပေးဖို့ လိုအပ်ကြောင်း အကြံပြုကြပါတယ်။ 

ဒါ့အပြင် ကလေးသူငယ်တွေဟ အနာဂတ်အတွက် တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ်တွေ ဖြစ်တယ်၊ အဲဒီကလေးတွေကို ပညာရေး၊ ကျန်းမာရေးနဲ့ တခြားဝန်ဆောင်မှုတွေ မြှင့်တင်ပေးဖို့၊ မိဘတွေအနေနဲ့ ကလေးတွေနဲ့ နေထိုင်ဖို့ အချိန်ပေးသင့်တယ်၊ စီးပွားရေးဖိစီးမှုတွေ လျှော့ပေါ့အောင် လုပ်ဆောင်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ လုပ်သားအင်အား ကျဆင်းမှုနှုန်း ဖြေရှင်းတဲ့အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အစားထိုးဖို့၊ ထိုင်းမှာ မွေးပြီး ထိုင်းမှာ ကြီးပြင်းလာတဲ့ ရွှေ့ပြောင်းလုပ်သား သားသမီးတွေကို ကျန်းမာရေး၊ ပညာရေးအခွင့်အလမ်းတွေပေးပြီး လူ့စွမ်းအားမြှင့်တင်ဖို့၊  နောက်ထပ် အလုပ်လုပ်နိုင်သူဦးရေ နည်းပါးမှု ပြဿနာမှာ တချို့လုပ်ငန်းတွေကို AI နည်းပညာနဲ့ အစားထိုးဆောင်ရွက်ဖို့ စသဖြင့် ဆွေးနွေးအကြံပြုသွားကြပါတယ်။ 

Source: Matichon

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013