DVB Logo
Home
နိုင်ငံတကာ
နောဒစ်နှင့် ဘောလ်တစ်ဒေသ ခေါင်းဆောင်များ ယူကရိန်း အလံနေ့အခမ်းအနား တက်ရောက်
DVB
·
August 24, 2026
Photo: REUTERS/Gleb Garanich
Photo: REUTERS/Gleb Garanich
Donate to DVB

ဘောလ်တစ်နဲ့ နောဒစ်ဒေသ ခေါင်းဆောင်တွေဟာ သြဂုတ် ၂၃ ရက်မှာ ကျင်းပတဲ့ ယူကရိန်းနိုင်ငံရဲ့ အလံနေ့ အခမ်းအနားမှာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ ပူးပေါင်းပါဝင် ဆက်နွှဲခဲ့ပါတယ်။

အခမ်းအနားကို ကိယက်ဗ်မြို့တော်က မိခင်မြေအထိမ်းအမှတ် အဆောက်အအုံနားမှာ ကျင်းပခဲ့တာပါ။

နော်ဝေဝန်ကြီးချုပ် ယိုးနပ်စ်ဂါးစတိုယယ်က သူ့နိုင်ငံဟာ ၂၀၂၇ ခုနှစ်မှာ ယူကရိန်းအတွက် စစ်ရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ငွေကြေးထောက်ပံ့မှုကို အမေရိကန်ဒေါ်လာ ၉ ဘီလီယံလောက် အကုန်ခံ ထိန်းသိမ်းထားမယ်လို့ ပြောပါတယ်။

ဖင်လန်သမ္မတ အလက်ဇန္ဒား စတပ်ဘ်က ယူကရိန်းဟာ ဒီမိုကရေစီတန်ဖိုးတွေကို ကာကွယ်ခဲ့ပြီး ဥရောပရဲ့ အခိုင်မာဆုံး လုံခြုံရေးအာမခံချက်အဖြစ် ဆက်ရှိနေတယ်လို့ ပြောပါတယ်။

ဘောလ်တစ်-နောဒစ် ထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ဇလန်းစကီးက သူ့နိုင်ငံဟာ နော့ဒ်စထရင်း ဓာတ်ငွေ့ပိုက်လိုင်းတွေကို ဖောက်ခွဲရာမှာ ဘယ်အခန်းကဏ္ဍကမှ မပါဝင်ခဲ့ဘဲ ဒီကိစ္စနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ရုရှားနဲ့ ဂျာမနီနိုင်ငံကြားက နော့ဒ်စထရင်းမ် ဝမ်းနဲ့ တူး သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ ပေါက်ကွဲ ပျက်စီးခဲ့ပြီး ယူကရိန်းသံသယရှိသူ ၂ ယောက်ကို ပါဝင်ပတ်သက်မှု သံသယနဲ့ လက်ရှိမှာ ဖမ်းဆီးထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013