DVB Logo
Home
မြန်မာသတင်း
ကပစ ၂၁ တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် အရာရှိအပါအဝင် ၉ ဦးသေဆုံး
DVB
·
January 20, 2025
ကပစ ၂၁ တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် အရာရှိအပါအဝင် ၉ ဦးသေဆုံး
Donate to DVB

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၁ ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုမှာ စက်ရုံ ၃ ရုံ ပျက်စီးသွားပြီး အရာရှိအပါ ၉ ယောက် သေဆုံးတယ်လို့  Brave Warriors for Myanmar (BWM) ထံက သိရပါတယ်။

ကပစ ၂၁ ကို ဇန်နဝါရီ ၁၈ ရက် မနက် ၄ နာရီခွဲလောက်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ ၇ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကာ စက်ရုံ အမှတ် ၁၀၆၊ စက်ရုံ အမှတ် ၁၀၉ နဲ့ စက်ရုံ အမှတ် ၂၀၁ တို့ ပြိုကျပျက်စီးခဲ့ပြီး အရာရှိ ၂ ယောက်နဲ့ စစ်သည် ၇ ယောက် သေဆုံးခဲ့တယ်လို့ BWM တာဝန်ရှိသူက ပြောပါတယ်။

“မြေပြင်မှာက ကျနော်တို့ စုံစမ်းသိရှိရတာထက် ပိုထိခိုက်မှုကြီးတယ် သိရပါတယ်။ ကိန်းဂဏန်း အချက်အလက်အရ တိတိကျကျက ဒီလောက်ပဲ အတည်ပြုနိုင်လို့ပါ။ မစ်ရှင်အနေနဲ့ကတော့ အတော်ကျေနပ်အားရပါတယ်။”

စက်ရုံ ၃ ရုံ ပျက်စီးတဲ့အပြင် ထုတ်လုပ်ပြီးတဲ့ ဗုံးသီးတွေ ယာယီသိုလှောင်ထားတဲ့ Technical store တခု ပျက်စီးခဲ့သလို ယမ်းချက်ဂိုဒေါင် မီးလောင်ခဲ့ရာ အချိန်အတော်ကြာ မီးငြှိမ်းလို့ မရခဲ့ဘူးလို့ သိရပါတယ်။

Brave Warriors for Myanmar (BWM) ရဲ့ တာဝန်ရှိသူက “စကစဘက်ကတော့ ထုံးစံအတိုင်း လက်နက်ကြီးနဲ့ ရမ်းသန်း ပြန်ပစ်တယ်။ အနီးအနား လက်လှမ်းမီတဲ့ရွာတွေပေါ် ကျတယ်။ ကျနော်တို့အဖွဲ့အနေနဲ့ ထိရောက်တဲ့ တော်လှန်ရေးမစ်ရှင်တွေကို ထိထိရောက်ရောက် ဆက်လုပ်နေပါတယ်” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က သေဆုံးတဲ့ အရေအတွက်ရော ထိခိုက်ပျက်စီးမှုတွေနဲ့ ပက်သက်လို့ သီးခြားအတည်ပြုနိုင်တာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကပစ ၂၁ ဟာ စစ်ကောင်စီလေတပ်က နိုင်ငံတဝန်းရှိ ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်ရာမှာ အသုံးပြုတဲ့ ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးသီး၊ cluster ဗုံးသီးတွေ အပါအဝင် တိုက်လေယာဉ်သုံး ဗုံးသီးအမျိုးမျိုးကို အဓိကထုတ်လုပ်ပေးနေတဲ့စက်ရုံ ဖြစ်ပါတယ်။

ဒါကြောင့် BWM နဲ့ မဟာမိတ်အဖွဲ့‌တွေက ကပစ ၂၁ ကို လေတပ် ဆက်စပ်ပစ်မှတ်အဖြစ် လည်းကောင်း၊ အရေးပါတဲ့ အကြီးစား စစ်ရေးပစ်မှတ်အဖြစ် လည်းကောင်း သတ်မှတ်ကာ BWM Mission 31 အဖြစ် ဖော်ဆောင်တိုက်ခိုက်ခဲ့တာလို့ BWM က ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Eagle Brigade (ANyar Eagle) အဖွဲ့၊ No More Dictatorship-NMD အဖွဲ့၊ Shadow (Mandalay) အဖွဲ့နဲ့ ဒေသခံ တော်လှန်ရေးရဲဘော်အင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013