DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် တိုက်ပွဲများ၌ စစ်ကောင်စီကို ဗုံးအလုံး ၁၀၀ ကျော်ကြဲချတိုက်ခိုက်
DVB
·
January 19, 2025
ရေးမြို့နယ် တိုက်ပွဲများ၌ စစ်ကောင်စီကို ဗုံးအလုံး ၁၀၀ ကျော်ကြဲချတိုက်ခိုက်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းဆီက သိရပါတယ်။

စကခ ၁၉ နဲ့ ၄ မိုင်အကွာ ကျုံလောင်းကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊ မွန်၊ ကရင် တော်လှန်ရေးအင်အားစုတို့ဟာ ဇန်နဝါရီ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီနေ့အထိလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒေါနတပ်ခွဲ ၄ KBDF Drone တပ်ဖွဲ့က နည်းပညာမြှင့်တင်ထားတဲ့ TOPPV-2 အမျိုးအစား UAV မောင်းသူမဲ့ Fixedwings Drone တွေနဲ့ Drop ဗုံးသီး ၁၂၇ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အရာရှိအပါအဝင်  ၇၀ လောက်သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာရခဲ့သလို တိုက်ပွဲတွေအတွင်းမှာ လေကြောင်းကနေ ၃ ကြိမ်ပစ်ကူလာခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ စကခ ၁၉ လက်အောက်ခံ ခလရ ၃၁၊ ခလရ ၆၁၊ ခလရ ၁၀၆၊ ခမရ ၂၉၉၊ ခမရ ၃၄၃၊ ခမရ ၅၈၆၊ ခမရ ၅၈၇၊ ခမရ ၅၈၃၊ ခမရ ၅၉၁၊ အမတ ၃၁၆ တို့က အင်အားတွေနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး လက်နက်ကြီးတွေနဲ့လည်း ရမ်းသန်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ဒေါနတပ်ရင်းနဲ့ မွန်၊ ကရင် တော်လှန်ရေးအင်အားစုတွေဘက်ကကတော့ ရဲဘော် ၃ ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရခဲ့ပြီး ပြည်သူတွေအနေနဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ကြဖို့၊ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ နီးရာမှာ မနေကြဖို့ ဒေါနတပ်ရင်းမှူး ရဲဘော်ရန်နိုင်က  သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013