DVB Logo
Home
နိုင်ငံတကာ
အမေရိကန်တွင် TikTok ကိုပိတ်၊ ပြန်ဖွင့်ပေးနိုင်ခြေရှိဟု ထရမ့်ပ် ဆို
DVB
·
January 19, 2025
အမေရိကန်တွင် TikTok ကိုပိတ်၊ ပြန်ဖွင့်ပေးနိုင်ခြေရှိဟု ထရမ့်ပ် ဆို
Donate to DVB

တရုတ်ပိုင် TikTok ကို အမေရိကန်မှာ ဒီနေ့ ပိတ်လိုက်ပြီး သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ပ်ကတော့ လာမယ့်တနင်္လာနေ့ သူ သမ္မတဖြစ်ပြီးတာနဲ့ Tiktok ပိတ်ပင်မှုကို ရက် ၉၀ ဆိုင်းငံ့ပေးနိုင်ခြေရှိတယ်လို့ ဇန်နဝါရီ ၁၈ ရက်က ပြောပါတယ်။

“ရက် ၉၀ တိုးပေးတာက ဖြစ်နိုင်ခြေအများဆုံးပါ၊ ဒါက အဆင်ပြေတယ်လေ။ ဒီလို ကျုပ် ဆုံးဖြတ်ဖြစ်မယ်ဆိုရင် တနင်္လာနေ့ကျရင် ကြေညာဖြစ်မယ်ထင်တယ်” လို့ ထရမ့်ပ်က NBC ရုပ်သံကို ပြောပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့ (တနင်္ဂနွေနေ့မှာ) အမေရိကန်မှာ TikTok ပိတ်တဲ့ဥပဒေ စတင်သက်ဝင်မှာ ဖြစ်တဲ့အတွက် ယာယီရနိုင်မှာမဟုတ်ဘူးလို့ TikTok ကုမ္ပဏီကလည်း ကြေညာထားပြီး  အမေရိကန်မှာ ဖြစ်နိုင်သမျှမြန်မြန် ဝန်ဆောင်မှုပြန်ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း အသိပေးထားတာကြောင့် TikTok ပိတ်ပင်မှုဟာ လတ်တလောမှာ တရက်ပဲ ကြာမြင့်မယ်လို့ ယူဆရပါတယ်။

အမေရိကန် သန်း ၁၇၀ လောက်သုံးစွဲတဲ့ TikTok အက်ပလီကေးရှင်းကို  တရုတ်အခြေစိုက် မိခင်ကုမ္ပဏီ ByteDance နဲ့ အဆက်အသွယ်ဖြတ်ချင်ဖြတ်၊ ဒါမှမဟုတ်ရင် အမေရိကန်မှာ သုံးစွဲခွင့်ပိတ်မယ့်ဥပဒေကို မနှစ်က ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ 

ဒီဥပဒေကို တရားရုံးချုပ်ကလည်း ကန့်ကွက်သူမရှိ ဆက်လက်အတည်ဖြစ်တယ်လို့ သောကြာနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ဘိုင်ဒင် အစိုးရကတော့ နောက်တက်မယ့် ထရမ့်ပ်အစိုးရလက်ထက်မှ ကိုင်တွယ်ရတော့မယ့် ကိစ္စဖြစ်တာကြောင့် တနင်္ဂနွေနေ့ ပိတ်ချမယ်ဆိုတဲ့ TikTok ရဲ့ ကြေညာချက်ဟာ စတန့်ထွင်တာသာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

ထရမ့်ဘက်က လတ်တလော ရက် ၉၀ သက်တမ်းတိုးပေးမယ်ဆိုပေမဲ့  အဲဒီအတွက် လိုအပ်တဲ့ ဥပဒေသတ်မှတ်ချက်ဖြစ်တဲ့  ဧပြီလလယ် အပြီးရောင်းမယ်ဆိုတဲ့ကိစ္စကို လိုက်နာပေးရမှာလား ဆိုတာတော့ မရှင်းလင်းသေးပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013