DVB Logo
Home
နိုင်ငံတကာ
မြေအောက် ရေတပ်စခန်းသစ်ကို အီရန် ထုတ်ဖော်ပြသ
DVB
·
January 19, 2025
မြေအောက် ရေတပ်စခန်းသစ်ကို အီရန် ထုတ်ဖော်ပြသ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဒုတိယအချီ သမ္မတသက်တမ်းမစတင်မီ နှစ်ရက်အလို  ဇန်နဝါရီ ၁၈ ရက်မှာ အီရန်အစိုးရရုပ်သံက မြေအောက်ရေတပ်ဒုံးကျည်အခြေစိုက်စခန်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။

အမေရိကန်အစိုးရနဲ့ တင်းမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် တိုးလာဖို့ မျှော်လင့်နေချိန်မှာ အီရန်အစိုးရက ခုလို ထုတ်ဖော်ပြသခဲ့တာပါ။ 

အီရန်ရဲ့ရေနံလုပ်ငန်းအပေါ် အမေရိကန်က "အမြင့်ဆုံးဖိအား" မူဝါဒနဲ့ ပိတ်ဆို့အရေးယူမှုတွေ တင်းကျပ် နေချိန်မှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို ထရမ့်ပ်က အခွင့်အာဏာပေးလိုက်မှာကို အီရန်ခေါင်းဆောင်တွေက စိုးရိမ်နေကြပါတယ်။

နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ တော်လှန်ရေးအစောင့်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟိုစိန်ဆာလာမီက စစ်စွမ်းရည် ပြပွဲအတွင်း လျှို့ဝှက်အခြေစိုက်စခန်းဆီ လာရောက်ကြည့်ရှုခဲ့ပုံကို ပြသခဲ့တာပါ။

ဒီစခန်းကနေ တာဝေးပစ် ဒုံးကျည်တွေကို ပစ်လွှတ်နိုင်ပြီး အဝေးကနေ စစ်ဆင်နိုင်တဲ့ ရေယာဉ်တွေအတွက် တည်ဆောက်ထားတဲ့ မြေအောက် စစ်စခန်း အများအပြားထဲက တခုဖြစ်တယ်လို့ အီရန်အစိုးရရုပ်သံက ပြောပါတယ်။

ဒီအခြေစိုက်စခန်းကို ပင်လယ်ကွေ့ထဲမှာ ရေအောက် မီတာ ၅၀၀ အနက်မှာ တည်ဆောက်ထားပြီး ရှည်လျားတဲ့ ဥမင်လှိုင်ခေါင်းတွေကို နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ပြခဲ့ပါတယ်။

ဒီဥမင်တွေထဲမှာ ခရုစ် ဒုံးကျည်တွေကို ပစ်လွှတ်နိုင်တဲ့ ထှာရယ် အတန်းအစား ရေဒါရှောင်ပြေးနိုင်တဲ့ စပိဘုတ်ဗားရှင်းအသစ်တွေကိုလည်း ပြသခဲ့ပါတယ်။

အခုလအစောပိုင်းမှာ အီရန်ဟာ စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပြီး တော်လှန်ရေး အစောင့်တပ်တွေဟာ နိုင်ငံအလယ်ပိုင်း နာတန်ဇ်မြို့က  နျူကလီးယားစက်ရုံတွေနဲ့ ပံ့ပိုးမှု အင်္ဂါရပ်တွေကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်လာခဲ့ရင် တားဆီးကာကွယ်ပေးတဲ့ စစ်စွမ်းရည်ပြ လေ့ကျင့်ခန်းတွေကို ထည့်သွင်းလေ့ကျင့် နေပါတယ်။

အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေဟာ အမေရိကန်နဲ့  အစ္စရေးတို့ကို လက်တုံ့ပြန်ဖို့ အရေးကြီးတဲ့ အဟန့်အတားဖြစ်ပြီး လက်တုံ့ပြန်ဖို့ အင်အားလည်း ဖြစ်တယ်လို့ အီရန်က ပြောပါတယ်။

အီရန်အစိုးရဟာ အရင်ကလည်း မြေအောက် "ဒုံးကျည် စခန်းမြို့တွေ" အများအပြားကို ထုတ်ဖော်ပြသခဲ့ဖူးပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013