DVB Logo
Home
နိုင်ငံတကာ
သမ္မတယွန်းကို ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်၊ ၁၆ ဦးထက် မနည်း အဖမ်းခံရ
DVB
·
January 19, 2025
သမ္မတယွန်းကို ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်၊ ၁၆ ဦးထက် မနည်း အဖမ်းခံရ
Donate to DVB

စွပ်စွဲပြစ်တင်ခံရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကို ထောက်ခံသူတွေဟာ ဇန်နဝါရီ ၁၈ ရက်က ဆိုးလ်မြို့ အနောက်ပိုင်းခရိုင်တရားရုံး အပြင်ဘက်မှာ ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ဆူပူအုံကြွမှု စွပ်စွဲချက်နဲ့ ထိန်းသိမ်းခံထားရတဲ့ ယွန်းကို ဆက်ပြီး ထိန်းသိမ်းထားဖို့ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ တောင်းဆိုမှုကို ခုခံလျှောက်လဲတဲ့ တရားရုံးကြားနာမှုအတွင်း ခုလို ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။

တင်းမာမှုတွေအတွင်း ယွန်းကို ထောက်ခံတဲ့ ဆန္ဒပြသူ ၁၆ ယောက်ထက်မနည်းကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ယွန်းဟာ ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေးကြေညာမှုနဲ့ ပတ်သက်တဲ့ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးမှုတခုအတွင်း ဖမ်းဆီးခံရတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အာဏာလက်ရှိ သမ္မတ ဇန်နဝါရီ ၁၅ ရက်မှာ ဖြစ်လာခဲ့ပါတယ်။

စုံစမ်းရေးမှူးတွေက ယွန်းကို ရက်ပေါင်း ၂၀ အထိ ချုပ်ရက် သက်တမ်းတိုးဖို့ ဇန်နဝါရီ ၁၇ ရက် မှာ ဖမ်းဝရမ်းတောင်းခံခဲ့တာပါ။

ယွန်းကတော့ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ စကားပြောဖို့ ငြင်းဆို ခဲ့ပါတယ်။ ယွန်းကို ဖမ်းဆီးပြီးကတည်းက ဆိုးလ်မြို့ရှိ ထိန်းသိမ်းရေးစင်တာမှာ ထိန်းသိမ်းထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013