DVB Logo
Home
မြန်မာသတင်း
တောင်ပိုင်းစစ်ဒေသတိုက်ပွဲများ၌ တပတ်အတွင်း စစ်ကောင်စီဘက်က ၂၈ ဦးသေဆုံး
DVB
·
January 18, 2025
တောင်ပိုင်းစစ်ဒေသတိုက်ပွဲများ၌ တပတ်အတွင်း စစ်ကောင်စီဘက်က ၂၈ ဦးသေဆုံး
Donate to DVB

ပြီးခဲ့တဲ့တပတ်အတွင်း တောင်ပိုင်းစစ်ဒေသက စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၂၈ ယောက်သေဆံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၁ ရက်ကနေ ၁၇ ရက်နေ့အထိ စစ်ရေးသတင်းအကျဉ်းချုပ်ကို ဒီနေ့ထုတ်ပြန်လာတာဖြစ်ပြီး PDF၊ KNU-KNLA၊ တခြားတော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့တဲေတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၂၈ ယောက် သေဆုံး၊ ၄၅ ယောက်နဲ့အထက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီတပတ်ထဲမှာ ကော့ကရိတ်-အာရှလမ်းက အောင်ဇေယျစစ်ကြောင်းရဲ့ ယာယီတပ်စခန်းငယ် တခုကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

တိုက်ပွဲတွေကနေ လက်နက်ငယ် ၁၁ လက်၊ လက်နက်ကြီး ၁ လက်၊ မိုင်းနဲ့ ခဲယမ်းမျိုးစုံ၊ တခြား စစ်ဘက်သုံးပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး မြေပြင်မှာအထိနာနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ အရပ်သားပစ်မှတ်တွေကိုပါမချန် ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းတိုက်ခိုက်မှုကို ပိုသုံးလာတယ်လို့လည်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကတိုက်ပွဲတွေမှာတော့ စစ်ကောင်စီတပ်သား ၁၅၁ ယောက် သေဆုံး၊ ၈၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ အတည်ပြုနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့ဆီကို အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကိုလည်း ကောင်းကောင်းမွန်မွန်ကြိုဆို စောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013