DVB Logo
Home
မြန်မာသတင်း
ညောင်ရွှေတွင် လက်နက်ကြီးမှန်ပြီး စစ်ရှောင်ကလေးငယ်အပါအဝင် ၃ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ
DVB
·
January 18, 2025
ညောင်ရွှေတွင် လက်နက်ကြီးမှန်ပြီး စစ်ရှောင်ကလေးငယ်အပါအဝင် ၃ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ
1 / 4
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က စစ်ရှောင်စခန်းတခုကို  စစ်တပ်နဲ့ PNO ပြည်သူ့စစ် ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့  အသက် ၆ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် ၃ ယောက် သေဆုံးခဲ့ပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ The Human Right Of Inle Region ဆီက သိရပါတယ်။

စံကားဒေသ၊ ဘုရားတောင်ကျေးရွာက စစ်ရှောင်စခန်းကို ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ လောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဘုရားတောင်ကျေးရွာ စစ်ရှောင်တဲပေါ် တည့်တည့်ကျရောက်ပေါက်ကွဲလို့ အသက် ၆ နှစ်အရွယ် နန်းအေးမြင့်သန်း၊ အသက် ၅၀ အရွယ် ဦးစိုင်း၊ အသက် ၂၆ နှစ် အရွယ် ခွန်သိန်းအောင် တို့ ၃ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

The Human Right Of Inle Region အဖွဲ့ တာဝန်ရှိသူတယောက်က “ခုဆိုရင် ဘုရားတောင်ရွာက ဘာတိုက်ပွဲမှလည်းမဖြစ်ဘူး။ အရပ်သားပြည်သူတွေကို လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်တိုက်ခိုက်တာတွေ ကို စစ်ကောင်စီနဲ့ PNO တွေက လုပ်ဆောင်တဲ့အတွက် ခုဆိုရင် ရေပူရွာက စစ်ရှောင်ပအိုဝ်းပြည်သူ ၁၄ ယောက် ထိခိုက်ဒဏ်ရပြီး ၃ ယောက် သေဆုံးရခဲ့ပြီ။  ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးပေါ့နော်၊ လူသားမဆန်တဲ့လုပ်ရပ်တွေကို အရပ်သား ပြည်သူတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ နိုင်ငံအနှံ့မှာလုပ်ဆောင်လာတယ်။ သူတို့ချည်းမဟုတ်ပါဘူး၊ သူတို့ရဲ့ လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်လည်းပါတယ်” လို့ ပြောပါတယ်။

သေဆုံးတဲ့သူနဲ့ ဒဏ်ရာရသူတွေဟာ ရေပူကျေးရွာကနေ ဘုရားတောင်ကျေးရွာကို စစ်ရှောင်လာတဲ့သူဖြစ်ပြီး ပအိုဝ်းတိုင်းရင်းသားတွေဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်ရှောင်တယောက်က “တိုက်ပွဲလုံးဝကို မဖြစ်တာ။ အကြောင်းရင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ပြည်သူကိုသတ်ဖြတ်နေတာ။ ရင်နာစရာအရမ်းကောင်းတာပဲ။ PNO ကလည်း ဗမာစစ်တပ်နဲ့ပေါင်းပြီး ကိုယ့်လူမျိုးကို ကိုယ်ပြန်သတ်ရဲတယ်” လို့ပြောပါတယ်။

ဘုရားတောင်ကျေးရွာနဲ့ထိစပ်နေတဲ့  ပင်လောင်းမြို့နယ် သစ်ပင်ကောက်၊ မိုးဦး၊ လွယ်ဖြီ၊ ကုန်းသာစစ်ရှောင်းစခန်းက ကရင်နီစစ်ရှောင်တွေကို PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီက ၂၀၂၄ ခုနှစ်  ဇူလိုင်လပထမပတ်မှာ နေရပ်ပြန်ခိုင်းခဲ့ပြီး စစ်ရှောင်တွေကမပြန်ကြတဲ့အတွက် ဇူလိုင် ဒုတိယပတ်မှာ စစ်တပ်နဲ့ PNO ပြည်သူ့စစ်က စစ်ရှောင်စခန်းတွေကိုဦးတည်ပြီး လက်နက်ကြီးနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခြိမ်းခြောက်မောင်းထုတ်ခဲ့သေးတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013