DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် မြန်မာဘက်မှ ကရင်ရွာသားများ လာရောက်ရွှေတူး ၊ ၂  ဦး ဖမ်းဆီးခံရ 
DVB
·
January 17, 2025
ကန်ကျနပူရီတွင် မြန်မာဘက်မှ ကရင်ရွာသားများ လာရောက်ရွှေတူး ၊ ၂  ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ထောင်းဖာဖူးမြို့နယ်ထဲမှာ မြန်မာနိုင်ငံက ကရင်တိုင်းရင်းသားတွေ တရားမဝင် ဝင်ရောက်ပြီး ရွှေတူးရွှေကျင်တာတွေ လုပ်ဆောင်နေတယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထောင်းဖာဖူးမြို့နယ် ပိလောက်အုပ်စု ပါမက်နဲ့ ဖာဖူးကျေးရွာကြားရှိ ထိုင်းသစ်တောကြိုးဝိုင်း နယ်မြေထဲမှာ တဘက်နိုင်ငံက ရွာသားတွေ ဝင်ရောက်ရွှေတူးရွှေကျင်နေကြောင်း သတင်းကြားသိ ရတဲ့အတွက်  အဆိုပါနေရာအနီးတဝိုက်မှာ အချက်ပေးသံပါ စီစီကင်မရာကို တပ်ဆင်ထားခဲ့တယ်လို့  ထောင်းဖာဖူးမြို့နယ် သစ်တောဦးစီးအရာရှိ နိုင်းယုဒ်ထဖုန်း ဒမ်စရီဆုခ်က သတင်းထောက်တွေကို ပြောပါတယ်။

ဇန်နဝါရီ ၁၃ မှ ၁၅ ရက်နေ့တွေအတွင်း အချက်ပေးကရိယာအသံမြည်လာပြီး အဝေးကြည့်မှန်ပြောင်းနဲ့ ကြည့်ရာမှာ လူ အနည်းဆုံး ၆ ယောက်ကနေ  ၁၀ ယောက်အထိ သစ်တော ကြိုးဝိုင်းထဲက မြေတွေကို နေ့ရောညပါတူးဖော်ကာ အိတ်ထဲထည့်ပြီး သယ်ဆောင်သွားတာ တွေ့ရတယ်။ ဒါကြောင့် သက်ဆိုင်ရာ နယ်မြေခံအုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ တာဝန်ရှိသူတွေနဲ့အတူ ဇန်နဝါရီ ၁၆ က သွားရောက်စစ်ဆေးရာမှာ မြေတူးနေသူ ၂ ယောက်ကို  ပေါက်တူး၊ ပေါက်ပြား၊ ဂေါ်ပြား၊ လက်နှိပ်ဓာတ်မီး၊ ရွှေကျင်ဇလား၊ သံဆန်ခါ၊ မြေထည့်အိတ်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

ဖမ်းမိသူ ၂ ယောက်ဟာ အသက် ၄၈ နှစ်နဲ့ ၃၉ နှစ်ရွယ် ကရင်တိုင်းရင်းသားတွေဖြစ်ပြီး တယောက်က ထိုင်းနိုင်ငံက ထုတ်ပေးတဲ့ နိုင်ငံမဲ့သူများလက်မှတ်ရှိတယ်၊ နောက်တယောက်ကတော့ မြန်မာဘက်ခြမ်းမှာ နေထိုင်ပြီး အထောက်အထားမရှိဘူးလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ ၂ ယောက်ကို တည်ဆဲဥပဒေအရအရေးယူဖို့ ပိလောက်နယ်မြေရဲစခန်းကို ပို့ဆောင်ထားတယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ 

Source: MGR Online 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013