DVB Logo
Home
မြန်မာသတင်း
အမရပူရတွင် မီးလောင်ပြီး အိမ် ၃ လုံးပျက်စီး၊ လူ ၃ ဦး ဒဏ်ရာရ
DVB
·
January 17, 2025
အမရပူရတွင် မီးလောင်ပြီး အိမ် ၃ လုံးပျက်စီး၊ လူ ၃ ဦး ဒဏ်ရာရ
Donate to DVB

မန္တလေး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်မှာ ဇန်နဝါရီ ၁၇ ရက် မနက် ၁၀ နာရီ ၁၀ မိနစ်လောက်က မီးလောင်ခဲ့တာကြောင့် အိမ် ၃ လုံး ပျက်စီးပြီး လူ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ သွပ်မိုး၊ ပျဉ်ကာ လူနေ ၂ ထပ်အိမ်မှာ ဂက်စ်နဲ့ ဟင်းချက်ရာက မီးလောင်မှု စတင်ခဲ့တာလို့ သိရပြီး မီးလောင်မှုအတွင်း ၂ ထပ်အိမ် ၃ လုံး ပျက်စီးသွားခဲ့တာပါ။

ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ကျနော်တို့ဆီ ဒဏ်ရာရပြီးရောက်လာတာ အမျိုးသား ၃ ဦး ရှိပါတယ်။ ၂ ထပ်အိမ် ၃ လုံးမှာ အရှေ့ကပ်ရက်က ၂ လုံး၊ အနောက်မှာ ၁ လုံး” လို့ ပြောပါတယ်။

မီး‌လောင်မှုအတွင်း အသက် ၃၀ အရွယ် အမျိုးသား ၂ ယောက်မှာ မျက်နှာမီးဟပ်၊ ပြတ်ရှဒဏ်ရာ ရရှိပြီး အသက် ၂၅နှစ်အရွယ် မီးသတ်အဖွဲ့ဝင် ၁ ဦးမှာ အသက်ရှုကြပ် မီးဟပ်ဒဏ်ရာတွေ ရရှိခဲ့လို့ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တွေက မြေပြင်ကုသမှုပေးခဲ့ကြပါတယ်။

အမရပူရမြို့နယ်မီးသတ်မှ မီးသတ်ယာဉ် ၁၀စီး၊ ရေသယ်ယာဉ်‌ ၅ စီးနဲ့လာရောက်ငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၁၀နာရီ ၂၆ မိနစ်မှာ မီးထိန်း၊ ၁၀နာရီခွဲမှာ မီးငြိမ်းသွားပါတယ်။

မန္တလေးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက် နေ့ခင်း ၁၂နာရီ ၅၅ မိနစ်ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ (၁၃၈x၇၀)လမ်းထောင့်၊(ဈ)ရပ်ကွက်က ချည်မျှင်စက်ရုံမီးလောင်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013