DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်သွားမည့် မြန်မာ ၁၃ ဦး ချင်းမိုင်ဘူတာရုံတွင် ဖမ်းဆီးခံရ 
DVB
·
January 17, 2025
ဘန်ကောက်သွားမည့် မြန်မာ ၁၃ ဦး ချင်းမိုင်ဘူတာရုံတွင် ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းမိုင်မီးရထားဘူတာရုံမှာ အထောက်အထားမရှိဘဲ ရထားစီးမယ့် မြန်မာနိုင်ငံသား ၁၃ ယောက် ဖမ်းဆီးခံရတယ်လို့  Top News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

တရားမဝင်ရွှေ့ပြောင်းလုပ်သားတစု ရထားစီးဖို့ရှိကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က ဘူတာရုံမှာ စောင့်ကြပ်စစ်ဆေးတယ်၊၊ 

ထိုစဉ် မသင်္ကာဘွယ်လူတစုက ရထားပေါ်တက်ဖို့ပြင်နေတာကို တွေ့ရလို့ ခေါ်ယူစစ်ဆေးရာမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေဖြစ်နေတယ်လို့   ချင်းမိုင်လဝက ရဲ မှူး ဆုထီရထိပ် ဖွန်းနရီ မစ်က သတင်းထောက်ကို ပြောပါတယ်။ 

အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၇ ယောက် ပေါင်း ၁၃ ယောက်ဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲကို တောလမ်းကနေဝင်ရောက်လာတယ်၊ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တဦးလျှင် ဘတ် ၆၅၀၀ ကနေ ၉၅၀၀ ထိပေးရပြီး မယ်ဆိုင်ကနေ ချင်းမိုင်ကို ညအချိန်မှာ ကားနဲ့ကြိုလာတယ်၊ အဲဒီနောက် ခြံဝင်းတခုထဲမှာ လာနေရတယ်၊ ပွဲစားက လုံခြုံရေးအတွက်ဆိုပြီး သူတို့ဆီမှာ ပါလာတဲ့ တယ်လီဖုန်းအားလုံးကို သိမ်းထားတယ်။ နောက်တနေ့မှာ ဘန်ကောက်ကို ရထားနဲ့သွားဖို့ ဘူတာရုံမှာ လာပို့ထားတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ချင်းမိုင်မဲ့ပင်းရဲစခန်းကို ပို့ဆောင်လိုက်ပြီး လဝကဥပဒေနဲ့ အရေးယူကာ နေရပ်ပြန်ပို့မယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ 

Source: Top News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013