DVB Logo
Home
မြန်မာသတင်း
FIGHT DELTA FIGHT ရုပ်ရှင်မှ ရရှိငွေအားလုံးကို ဧရာဝတီတိုင်း စစ်ရေးတွင် အသုံးပြုရန် လှူဒါန်း
DVB
·
January 17, 2025
FIGHT DELTA FIGHT ရုပ်ရှင်မှ ရရှိငွေအားလုံးကို ဧရာဝတီတိုင်း စစ်ရေးတွင် အသုံးပြုရန် လှူဒါန်း
Donate to DVB

FIGHT DELTA FIGHT ရုပ်ရှင်ကားပြသလို့ ရရှိခဲ့တဲ့ ငွေကျပ်သိန်း ၄၀၀ နီးပါးကို ဧရာဝတီတိုင်း စစ်ရေးမှာ အသုံးပြုဖို့ တာဝန်ရှိသူ ကိုကောင်းကျော်ကို လှူဒါန်းပေးအပ်ခဲ့တယ်လို့ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သူတွေဆီက သိရပါတယ်။

ဒါရိုက်တာ မင်းလက်ယာ ရိုက်ကူးထားပြီး လူငယ်မျက်နှာသစ် တော်လှန်ရေး သရုပ်ဆောင်တွေ၊ CDM ပညာရေးဝန်ထမ်းတချို့ ပါဝင်သရုပ်​ဆောင်ထားပြီး FIGHT DELTA FIGHT ရုပ်ရှင်ကားကို ကနေဒါ၊ ဂျမေကာ၊ သြစတြေးလျ၊ စင်္ကာပူနဲ့ အင်္ဂလန်နိုင်ငံတွေမှာ ပြသခဲ့တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်က နိုင်ငံ ၅ နိုင်ငံမှာ ပြသခဲ့ပြီးဖြစ်ရာ ရရှိလာတဲ့ ငွေကျပ်သိန်း ၄၀၀ နီးပါးကို ဧရာဝတီတိုင်း စစ်ဆင်ရေးမှာ အသုံးပြုဖို့ လှူဒါန်းပြီးဖြစ်သလို အဆိုပါရုပ်ရှင်ကားကို ကမ္ဘ့ာနိုင်ငံအသီးသီးမှာ ဆက်လက် ပြသသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ထုတ်လုပ်သူ ဦးချစ်က"ပထမအကြိမ် ငွေကျပ်သိန်း ၁၀၀၊ ဒုတိယအကြိမ် သိန်း ၃၀၀ လောက်ရရှိခဲ့တာပါ။ ဧရာဝတီတိုင်း စစ်ရေးမှာအသုံးပြုနိုင်ဖို့ ဧရာဝတီတိုင်းစစ်ရေးတာဝန်ရှိသူ ကိုကောင်းကျော်ကို လှူဒါန်းပေးအပ်လိုက်တာ” လို့ DVB ကို ပြောပါတယ်။

အဆိုပါရုပ်ရှင်ကားအတွက် အဘက်ဘက်က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်ပနိုင်ငံအသီးသီးမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ ​တော်လှန်ရေးအင်အားစုတွေကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ဆိုပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ရုပ်ရှင်ကားပြသဖို့ ကျန်ရှိနေသေးတဲ့ နိုင်ငံတွေမှာ ဆက်လက်ပြသသွားမှာဖြစ်ပြီး ရရှိလာတဲ့ အလှူငွေတွေကို ဧရာဝတီတိုင်းစစ်ရေးအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့ ရုပ်ရှင်ကားထုတ်လုပ်သူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013