DVB Logo
Home
နိုင်ငံတကာ
ဂျပန်ကို လာရောက်လည်ပတ်သူ တနှစ်အတွင်း ၃၆ သန်းကျော်ရှိပြီး သမိုင်းတလျှောက် အများဆုံးစံချိန်တင်
DVB
·
January 16, 2025
ဂျပန်ကို လာရောက်လည်ပတ်သူ တနှစ်အတွင်း ၃၆ သန်းကျော်ရှိပြီး သမိုင်းတလျှောက် အများဆုံးစံချိန်တင်
Donate to DVB

၂၀၂၄ ခုနှစ်အတွင်း ဂျပန်နိုင်ငံကို လာရောက်လည်ပတ်သူ အများဆုံးစံချိန်တင်ခဲ့ပြီး ပြည်ပဧည့်သည် ၃၆ ဒသမ ၈ သန်းကျော် ရှိခဲ့တယ်လို့ တရားဝင် ကိန်းဂဏန်းတွေအရ သိရပါတယ်။

အနှစ် ၄၀ အတွင်း ဂျပန်ယန်းငွေတန်ဖိုးဟာ အမေရိကန်ဒေါ်လာနဲ့ယှဉ်ရင် အနိမ့်ဆုံး ကျဆင်းခဲ့တဲ့အလျောက် နိုင်ငံခြားသား ခရီးသွားတွေရဲ့ လာရောက်လည်ပတ်မှုလည်း များပြားခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်မှာ စီးပွားရေးနဲ့ အပန်းဖြေခရီးစဉ်အတွက် အဓိကလာရောက်ခဲ့ကြတာဖြစ်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ အရင်စံချိန်တွေဖြစ်တဲ့ ၂၀၂၃ ခုနှစ်မှာ လာရောက်လည်ပတ်သူ ၂၅ ဒသမ ၀၇ သန်းနဲ့ ၂၀၁၉ ခုနှစ်တုန်းက ပြည်ပခရီးသွား ၃၂ သန်းနီးပါးထက်ကို အများကြီး ကျော်လွန်ခဲ့တာပါ။

ဒါ့အပြင် နိုင်ငံခြားသားဧည့်သည်တွေရဲ့ အသုံးစရိတ်ဟာ ဒေါ်လာ ၅၁ ဒသမ ၇၈ ဘီလီယံအထိ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တုန်းကထက် ၅၃ ရာခိုင်နှုန်းအထိကို မြင့်တက်ခဲ့ပါတယ်။

အဲဒီနောက် နှစ်ပေါင်းများစွာကြာအောင် တိုးတက်မှုနှေးကွေးနေတဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို ခရီးသွားလုပ်ငန်းက အထောက်အပံ့ ဖြစ်စေခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်‌။

ဒါပေမဲ့ တဖက်မှာလည်း နိုင်ငံခြားသားအများအပြား စုပြုံရောက်ရှိလာမှုက ဒေသခံတွေရဲ့ ကန့်ကွက်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။

နာမည်ကြီးမြို့တချို့မှာဆိုရင် အခြေခံအဆောက်အအုံတွေအပေါ် ထိခိုက်မှုရှိလာတာနဲ့ မလေးမစား ပြုမူတတ်တဲ့ ခရီးသွားတွေကြောင့် ဟိုတယ်အခွန်တိုးမြှင့်ပြီ ဒေသခံတွေရဲ့ ဘ၀ဖွံ့ဖြိုးအောင် စီစဉ်နေပြီ ဖြစ်ပါတယ်။

ပြင်သစ်၊ အီတလီနဲ့ စပိန်လိုမျိုး နိုင်ငံတွေနဲ့ယှဉ်ရင်တော့ ဂျပန်ရဲ့  ပြည်ပဧည့်သည်ဦးရေဟာ လူဦးရေအချိုးအစားအရ အများကြီး နည်းနေပါသေးတယ်။

ဂျပန်အစိုးရရဲ့  ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံချက်ထဲမှာလည်း လာမယ့် ၂၀၃၀ ကျရင် တနှစ်ကို နိုင်ငံခြားသားဧည့်သည် သန်း ၆၀ အထိ လာရောက်လည်ပတ်အောင် ဆွဲဆောင်နိုင်ဖို့အတွက် တာဝန်ရှိသူတွေက မျှော်မှန်းထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013