DVB Logo
Home
နိုင်ငံတကာ
ကျူးဘားအစိုးရက အကျဉ်းသားများ စတင်လွှတ်ပေး
DVB
·
January 16, 2025
ကျူးဘားအစိုးရက အကျဉ်းသားများ စတင်လွှတ်ပေး
Donate to DVB

ကျူးဘားကျွန်းနိုင်ငံကို အကြမ်းဖက်ဝါဒီ အမည်ပျက်စာရင်းက ဖယ်ရှားပြီး ကျွန်းကို ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ပေးမှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက ကြေညာခဲ့ပြီးနောက် ဇန်နဝါရီ ၁၅ ရက်မှာ ကျူးဘားအစိုးရက ၂၀၂၁ ခုနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် ဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတွေကို စတင်လွှတ်ပေးခဲ့ပါတယ်။

အမေရိကန်က ကျူးဘားအပေါ် အကြမ်းဖက် အမည်ပျက်စာရင်းမှ ဖယ်ရှားပေးမယ်လို့ ဇန်နဝါရီ ၁၄ ရက်က ကြေညာခဲ့အပြီး ၁ နာရီလောက် အကြာမှာပဲ ကျူးဘားသမ္မတ မီဂဲလ် ဒီယာ့စ် ကနယ်လ်ဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ ဆွေးနွေးပြီးနောက်မှာ သူ့အစိုးရကလည်း အကျဉ်းသား ၅၅၃ ယောက်ကို ဖြည်းဖြည်းချင်း လွှတ်ပေးဖို့ စီစဉ်နေကြောင်း ကြေညာခဲ့ပါတယ်။

ကက်စထရို တော်လှန်ရေးနောက်ပိုင်း အကြီးမားဆုံး အဓိကရုဏ်းဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၁ ရက် အဓိကရုဏ်းအပြီးမှာ ကျူးဘားအစိုးရဟာ ဆန္ဒပြသူ ရာပေါင်းများစွာကို ဖမ်းဆီးထောင်ချခဲ့ပြီးနောက်မှာ လူ့အခွင့်အရေးအဖွဲ့တွေ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဆန္ဒပြပွဲတွေကြောင့် ကျွန်းတခွင်ရှိ မြို့ကြီးတွေမှာ လူထောင်ပေါင်းများစွာ လမ်းမပေါ် ထွက်လာကြပြီး လူအများအပြားဟာ အစိုးရနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု များနေချိန်မှာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေအပေါ် ရှုတ်ချခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေအပြီးမှာ ပြည်သူအများအပြား ထောင်ချခံခဲ့ရပါတယ်။

အခုပြန်လွတ်မြောက်လာတဲ့ 11 J အကျဉ်းသား ဒါရီယလ် ခရုဇ်ဟာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပြီး နောက်ပိုင်းမှာ ထောင်ဒဏ် ၅ နှစ် လျှော့ချခံရပါတယ်။

ကျူးဘားအစိုးရဟာ ၂၀၂၁ ခုနှစ် ဆန္ဒပြပွဲတွေအပြီးမှာ ဖျက်ဆီးမှုကနေ ဆူပူအုံကြွမှုအထိ ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တဲ့ အကျဉ်းချခံထားရသူတွေကိုတော့ ဆက်လက် ထိန်းသိမ်းထားပါတယ်။

ကျူးဘားမှာ အစားအစာ၊ လောင်စာဆီ၊ ဆေးဝါးနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ကျွန်းသူကျွန်းသားတွေဟာ အစုအပြုံလိုက် စံချိန်တင် ထွက်ခွာသွားခဲ့ကြပါတယ်။

၂၀၂၀ ခုနှစ်ကတည်းက ကျူးဘားနိုင်ငံသား အနည်းဆုံး ၁ သန်းဟာ ကုန်းကြောင်းနဲ့ ရေကြောင်းမှ ထွက်ခွာခဲ့ပြီး အများစုဟာ အမေရိကန်ကို ဦးတည် ထွက်ခွာသွားခဲ့ကြပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013