DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင် စစ်ရေးပဋိပက္ခအတွင်း အရပ်သား ၁၃၀ ကျော် သေဆုံး
DVB
·
January 16, 2025
ရှမ်းတောင် စစ်ရေးပဋိပက္ခအတွင်း အရပ်သား ၁၃၀ ကျော် သေဆုံး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စစ်ရေးပဋိပက္ခအတွင်း အရပ်သား အယောက် ၁၃၀ ကျော် သေဆုံးပြီး ၁၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး Pa-O Youth Organization က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနဲ့ ညောင်ရွှေ မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီလက စဖြစ်ခဲ့တဲ့ တိုက်ပွဲကနေစပြီး ရှမ်းတောင်ဒေသတွေမှာ တိုက်ပွဲတွေ ကျယ်ပြန့်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်သားသေဆုံးမှု အများဆုံးဟာ စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူတွေထဲမှာ ကလေးငယ် ၁၆ ယောက်လည်း ပါဝင်ပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် တနှစ်အတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ အရပ်သား ၆၅,၀၀၀ ထက်မနည်း ရှိနေပြီး အဲဒီစစ်ရှောင်တွေရဲ့ သုံးပုံနှစ်ပုံလောက်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013