DVB Logo
Home
နိုင်ငံတကာ
NATO ရည်မှန်းချက်အသစ်များကို အကောင်အထည်ဖော်မည်ဟု ဂျာမန်ဝန်ကြီး​ပြော
DVB
·
January 16, 2025
NATO ရည်မှန်းချက်အသစ်များကို အကောင်အထည်ဖော်မည်ဟု ဂျာမန်ဝန်ကြီး​ပြော
Donate to DVB

လက်နက်နဲ့ တပ်ဖွဲ့ဝင်အရေအတွက်တို့အတွက် မဟာမိတ်တွေကြားမှာ သဘောတူကြမယ့် NATO ရည်မှန်းချက်အသစ်တွေကို ဂျာမနီ၊ ပိုလန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ အီတလီတို့က ဖြစ်နိုင်သမျှ မြန်မြန်အကောင်အထည်ဖော်မယ်လို့ ဂျာမန်ကာကွယ်ရေးဝန်ကြီး ပစ္စတိုးရီးယပ်စ်က ကတိပြုခဲ့ပါတယ်။

မဟာမိတ်အဖွဲ့ဟာ လက်နက်တွေနဲ့ တပ်ဖွဲ့ဝင်အရေအတွက် သတ်မှတ်ရေးနဲ့ ပတ်သက်ပြီး အခုနွေရာသီမှာ ဆုံးဖြတ်ချက်ချဖို့ ရည်ရွယ်ထားတယ်လို့ NATO ရဲ့ စစ်ရေးကော်မတီ အကြီးအကဲ ဒတ်ခ်ျရေတပ်ဗိုလ်ချုပ်ကြီး ရော့ဘ် ဘောင်ဝါက အစောပိုင်းမှာ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

အနောက်နိုင်ငံတွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေးမဟာမိတ်တွေဟာ ရုရှားက ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ကျူးကျော်ဝင်ရောက်လာချိန်မှာ ပြည်တွင်းမှာပါ ဖိအားတွေ ခံနေရတာပါ။

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က ဥရောပအဖွဲ့ဝင်တွေအနေနဲ့ ကာကွယ်ရေးအတွက် ပိုမိုသုံးစွဲကြဖို့ တိုက်တွန်းထားပါတယ်။

ဇွန်လကုန်ပိုင်းမှာ နယ်သာလန်နိုင်ငံ သဟိတ်မြို့မှာ ကျင်းပမယ့် NATO ထိပ်သီးအစည်းအဝေးမှာ NATO ရဲ့ လက်ရှိစစ်အသုံးစရိတ် ရည်မှန်းချက်ကို နိုင်ငံ GDP ရဲ့ ၂ ရာခိုင်နှုန်းအထိ မြှင့်တင်ရေး ဆွေးနွေးမှာဖြစ်ပြီး ၃ ရာခိုင်နှုန်းကိုတော့ ကျွမ်းကျင်သူတချို့က ဖြစ်နိုင်ခြေရှိတဲ့ ရည်မှန်းချက်အသစ်တခု အဖြစ် ဖြန့်ကြက်ထားပါတယ်။

ဇန်နဝါရီ ၂၀ ရက် သမ္မတအဖြစ် အိမ်ဖြူတော်ကို ပြန်ရောက်လာမယ့် ထရမ့်ပ်က ကာကွယ်ရေးအသုံးစရိတ် ၅ ရာခိုင်နှုန်း ရည်မှန်းချက်ကို မကြာသေးမီက တိုက်တွန်းခဲ့ပါတယ်။

မူလက စီစဉ်ထားတဲ့အတိုင်း အောက်တိုဘာလအစား ဇွန်လမှာ မဟာမိတ်အဖွဲ့ရဲ့ စွမ်းဆောင်ရည် အသစ်တွေကို ပြင်ဆင်ဖို့ NATO ရဲ့ ဆုံးဖြတ်ချက်ကို ပစ္စတိုးရီးယပ်စ်က ကြိုဆိုခဲ့ပါတယ်။

“ဒါက ကျနော်တို့ကို အချိန်အများကြီးပေးပြီး စောစော အကောင်အထည်ဖော်နိုင်မှာပါ” လို့လည်း သူက သတင်းထောက်တွေကို ပြောပါတယ်။

ပိုလန် ကာကွယ်ရေးဝန်ကြီးက ပြင်သစ်မြို့တော် ပါရီမှာ ကျင်းပမယ့် ၅ နိုင်ငံအုပ်စုရဲ့ နောက်တကြိမ် အစည်းအဝေးမှာ အဖွဲ့အစည်းကို ငွေကြေးထောက်ပံ့ရေးနဲ့ ဥရောပ လက်နက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးမယ်လို့ ပြောခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013