DVB Logo
Home
နိုင်ငံတကာ
အသက်ကန့်သတ်ချက်ဖြင့် ဆိုရှယ်မီဒီယာသုံးစွဲခွင့်ပြုမည့် အစိုးရ၏အစီအစဉ်ကို အင်ဒိုနီးရှားမိဘများ  ကြိုဆို
DVB
·
January 16, 2025
အသက်ကန့်သတ်ချက်ဖြင့် ဆိုရှယ်မီဒီယာသုံးစွဲခွင့်ပြုမည့် အစိုးရ၏အစီအစဉ်ကို အင်ဒိုနီးရှားမိဘများ  ကြိုဆို
Donate to DVB

အင်ဒိုနီးရှားမြို့တော် ဂျကာတာမှာ လူမှုမီဒီယာ အသုံးပြုမှုအတွက် အသက်ကန့်သတ်ချက်တရပ်ကို အဆိုပြုတဲ့ အစိုးရရဲ့ အစီအစဉ်ကို ပြည်သူတွေက ထောက်ခံကြောင်း  ဇန်နဝါရီ ၁၅ ရက်မှာ ပြောကြားပါတယ်။

ကလေးသူငယ်တွေကို အွန်လိုင်းကာကွယ်စောင့်ရှောက်ရေး အဆိုပြုချက်ကို သမ္မတ ပရာဘိုဝို ဆူဘီယန်တိုနဲ့ ဆွေးနွေးပြီးနောက်မှာ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေအတွက် အနည်းဆုံး အသက်အရွယ် သတ်မှတ်မယ့် အစိုးရမှ စည်းမျဉ်းတခု ထုတ်ပြန်ဖို့ စီစဉ်နေကြောင်း ဆက်သွယ်ရေးဝန်ကြီး မက်တီယာဟာဖှစ်ကပြောပါတယ်။

အစိုးရက ဆိုရှယ်မီဒီယာ ပလက်ဖောင်း အသုံးပြုသူတွေအတွက် အနည်းဆုံး အသက်အရွယ် သတ်မှတ်ဖို့ အစိုးရက ဥပဒေတရပ် ရေးဆွဲနေချိန်မှာ အင်ဒိုနီးရှားနိုင်ငံဟာ ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေမှာ ယာယီ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လမ်းညွှန်ချက်တွေကို ထည့်သွင်းစေမှာဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတယောက်က ပြောပါတယ်။ 

ကျောင်းစာတွေကိုကူညီဖို့ မိဘကြီးကြပ်မှုအောက်မှာ ယူကျုကို သုံးစွဲကြတဲ့ အသက် ၆ နှစ်နဲ့ ၈ နှစ် အရွယ် သားယောက်ျားလေး ၂ ယောက်ရဲ့ အသက် ၃၈ နှစ်အရွယ် ဖခင် အာလ်တို အာဘယ်လ် ယိုဟန်က အကြောင်းအရာနဲ့ အသုံးပြုသူရဲ့ အသက်ကန့်သတ်ချက် ၂ ခုစလုံးက အရေးကြီးတယ်လို့ ယုံကြည်ထားပါတယ်။

အခုခေတ်မှာ ဆိုရှယ်မီဒီယာက ကြမ်းတမ်းပြီးတော့ ကလေးတွေဟာ ကွန်မန့်ပေးတဲ့ စကားတွေကို ကော်ပီကူးယူပြီး ညစ်ညမ်းတဲ့ စကားလုံးတွေ လိုက်ပြောနေကြပြီလို့ ပြောပြပါတယ်။ 

နည်းပညာကို နီးစပ်တတ်ကျွမ်းတဲ့ အင်ဒိုနီးရှားမှာ ၁၂ နှစ်အောက် ကလေးတွေရဲ့ ၅၀  ရာခိုင်နှုန်းနီးပါးဟာ အင်တာနက်ကို အသုံးပြုကြပြီး တချို့အသက်အရွယ်အုပ်စုရဲ့ ဖြေဆိုသူတချို့မှာ Facebook၊ Instagram နဲ့ TikTok တို့ကို အသုံးပြုကြတယ်လို့ အင်ဒိုနီးရှား အင်တာနက်ဝန်ဆောင်မှုပေးသူများအသင်းရဲ့ စစ်တမ်းအရ သိရပါတယ်။ 

အခု အဆိုပြုထားတဲ့ စည်းမျဉ်းဟာ ၁၆ နှစ်အောက် ကလေးတွေကို လူမှုမီဒီယာသို့ ဝင်ရောက်ခြင်းမှ တားမြစ်ဖို့ ဩစတြေးလျရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး တကယ်လို့ ကလေးတွေကို သူတို့ရဲ့ ပလက်ဖောင်းတွေကို ဝင်ရောက်ခြင်းမှ တားဆီးဖို့ ပျက်ကွက်ခဲ့ရင် နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Instagram နဲ့ Facebook တို့ရဲ့ ပိုင်ရှင် META ကနေ တရုတ်နိုင်ငံပိုင် ဘိုက်ဒန့်စ် ကုမ္ပဏီရဲ့  Tik Tok အထိ ဒဏ်ရိုက်မှာ ဖြစ်ပါတယ်။ 

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013