DVB Logo
Home
မြန်မာသတင်း
ဒုစစ်ခေါင်းဆောင် လွိုင်ကော်ရောက်ချိန် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်
DVB
·
January 15, 2025
ဒုစစ်ခေါင်းဆောင် လွိုင်ကော်ရောက်ချိန် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်
Donate to DVB

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ကျင်းပနေတဲ့ ကယားပြည်နယ်နေ့အတွက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ရောက်ရှိနေချိန်မှာ Brave Warriors for Myanmar (BWM) ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၁၄ ရက် ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီမှာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအဖွဲ့ ညစာစားပွဲကျင်းပနေတဲ့ ကယားပြည်နယ်ခန်းမအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် - ဒကစ (လွိုင်ကော်) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးနဲ့ တပြိုင်နက် ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

BWM အဖွဲ့ သတင်းပြန်ကြားတာဝန်ရှိသူတယောက်က “ကင်းပုန်းတွေ၊ လုံခြုံရေးတွေလည်း တင်းကျပ်ထားတော့ အခက်အခဲကတော့ စိုးဝင်း လာမယ် သတင်းရတာနဲ့ အမြန်ဆုံး ခြေသံလုံလုံနဲ့ စီစဉ်ရတာမို့ စီစဉ်ချိန် အတော်နည်းပါတယ်။ စီစဉ်ပြီးတော့လည်း မလာသေးလို့ ၄၈ နာရီ စောင့်ရပါတယ်။ စကစ ကတော့ လေကြောင်းနဲ့ တိုက်ခိုက်နေတာတင်မက မြန်မာပြည် နေရာအနှံ့မှာလည်း ပြည်သူတွေကို နှိပ်စက်နေတာပါ။ အခု စိုးဝင်းကို ကြိုးစားတိုက်ခိုက်ရတာကလည်း ပြည်သူတွေကို ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့ အထောက်အကူပြုအောင်ပါ” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့နဲ့အတူ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force – ACPLF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး BWM အဖွဲ့ရဲ့ ၂၉ ကြိမ်မြောက် စစ်ဆင်ရေးဖြစ်ပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ ရှော့တိုက်ဒုံးပစ်ခတ်ရာ လမ်းကြောင်းတွေနဲ့ လွိုင်ကော်မြို့ အနီးတဝိုက်မှာ လေကြောင်းကနေ ညလုံးပေါက်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တာကို အားပေးထောက်ခံ ရေးသားထားတာ တွေ့ရပါတယ်။

ဇန်နဝါရီ ၁၄ ရက် ည ၉ နာရီ ၄၅ မိနစ်မှာလည်း စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ထဲကို ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် ၁၁ ယောက်သေဆုံး၊ ၃ ယောက် ဒဏ်ရာရရှိပြီး ဒုတိုင်းမှူးအဆောင်နဲ့ ဦးစီးရုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

BWM အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူက “အဓိကထားတဲ့ ပစ်မှတ်၊ အဓိက ထိတာလည်း အနီဝိုင်းထားတဲ့ ဒုတိုင်းမှူးအဆောင် ထိမှန်ပြီး ပြိုကျပါတယ်။ ဦးစီးရုံး ပျက်စီးပါတယ်။ သေဆုံး ၆ ဦးမှာ ကောင်းထက်ဇော် (DSA 62 batch)၊ တပ်ကြပ် ၁ ဦး၊ ရဲဘော် ၁ ဦး ရှိတယ်။ ထိခိုက်မှုက ဒုတပ်ကြပ် ၁ ဦး၊ ရဲဘော် ၂ ဦး အရေးပေါ် ကြပ်မတ်ဆောင်မှာ ကုသခံနေရပါတယ်” လို့ ပြောပါတယ်။

BWM အဖွဲ့ရဲ့ စုံစမ်းချက်အရ နောက်ဆက်တွဲအနေနဲ့ အဆရ ၁၂ က ရုံးတရုံး ထိမှန်ပြီး ညအိပ်နေတဲ့ စစ်ကောင်စီအဖွဲ့ဝင် ၅ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM)အဖွဲ့နဲ့အတူ Shadow (မုံရွာ)၊ Anonymous Heroesı Chindwin Fighters၊ ဒေါင်းမျိုးဆက် ဗိုလ်မုတ်ဆိတ်၊ Democratic Rangers အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး BWM အဖွဲ့ရဲ့ စစ်ဆင်ရေး အကြိမ် ၃၀ မြောက်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013