DVB Logo
Home
နိုင်ငံတကာ
ကာကွယ်ရေးလုပ်ငန်းအတွက် အတားအဆီးများ မဖန်တီးရန် EU ကို NATO သတိပေး
DVB
·
January 14, 2025
ကာကွယ်ရေးလုပ်ငန်းအတွက် အတားအဆီးများ မဖန်တီးရန် EU ကို NATO သတိပေး
Donate to DVB

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အကြီးအကဲ မတ်ခ်ရူတေဟာ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းမှာ ဝင်မပါဖို့ NATO ပြင်ပနိုင်ငံတွေက ကုမ္ပဏီတွေကို တားမြစ်မယ့် အတားအဆီးတွေ မဖန်တီးကြဖို့ ဥရောပသမဂ္ဂ (EU) ကို ဇန်နဝါရီ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။

EU ရဲ့ အမှုဆောင်အဖွဲ့ဖြစ်တဲ့ ဥရောပကော်မရှင်က နိုင်ငံတွေကို ဥရောပကုမ္ပဏီတွေဆီကနေ ပူးပေါင်းဝယ်ယူဖို့နဲ့ စွမ်းဆောင်ရည်မြှင့်တင်ဖို့ တွန်းအားပေးရေးအတွက် ယူရို ၁ ဘီလီယံခွဲ သုံးစွဲရေး မက်လုံးတွေပေးဖို့ မနှစ်က အဆိုပြုခဲ့ပါတယ်။

EU နိုင်ငံတွေက EU ကုမ္ပဏီတွေအတွက် အချိုးကျထည့်ဝင်ရမယ့် ငွေပမာဏ ဘယ်လောက်ဆိုတဲ့ အချက်ကိုတော့ EU နိုင်ငံတွေကြားမှာ သဘောမတူရသေးပါဘူး။

ကုန်ကျစရိတ် တိုးမြင့်စေရုံသာမက ထုတ်လုပ်မှုကို ရှုပ်ထွေးစေပြီး ဆန်းသစ်တီထွင်မှုကို ဟန့်တားစေမယ့် အတားအဆီးအသစ်တွေကို မဟာမိတ်တွေကြားမှာ ဖန်တီးတာမျိုးတွေကို ရှောင်ရှားရမယ်လို့ NATO အတွင်းရေးမှူးချုပ်က ပြောပါတယ်။

“ဥရောပလုံခြုံရေးအတွက် EU ကာကွယ်ရေးစက်မှုလုပ်ငန်းတွေမှာ EU မဟုတ်တဲ့ မဟာမိတ်တွေ ပါဝင်ဖို့က အရေးကြီးတယ်လို့ ကျနော် ယုံကြည်ပါတယ်” လို့လည်း သူကပြောပါတယ်။

“အတ္တလန္တိတ်ဖြတ်ကျော် ကာကွယ်ရေးစက်မှု ပူးပေါင်းဆောင်ရွက်မှုဟာ ကျနော်တို့အားလုံးကို ပိုအားကောင်းစေတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

EU နိုင်ငံအများစုက NATO အဖွဲ့မှာ ပါပေမဲ့ အမေရိကန်၊ ဗြိတိန်နဲ့ တူရကီတို့ အပါအဝင် စစ်ဘက်မဟာမိတ်တွေရဲ့ အဓိကအဖွဲ့ဝင်တချို့က EU အဖွဲ့ဝင် မဟုတ်ပါဘူး။

“ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားနဲ့ အီရန်တို့ဟာ သူတို့ရဲ့ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို မကြုံစဘူးအဆင့်အထိ တိုးမြှင့်နေတဲ့အချိန်မှာ မဟာမိတ်တွေကြားမှာ အတားအဆီးအသစ်တွေ ချမှတ်တာဟာ မိမိကိုယ်ကို အန္တရာယ်ပြုတဲ့ လုပ်ရပ်တခု ဖြစ်လိမ့်မယ်လို့လည်း ရူတေက ပြောခဲ့ပါတယ်။

ဒီအတောအတွင်း ပိုလန်ကာကွယ်ရေးဝန်ကြီး ဝါဒစ်ဝဲ့ဖ် ကိုရှီးညက်ခ် ကာမစ်ဇ်ဟာ ဂျာမနီ၊ အီတလီနဲ့ ပြင်သစ်တို့က ကာကွယ်ရေးဝန်ကြီးတွေနဲ့ ဗြိတိန်နိုင်ငံက ကိုယ်စားလှယ် တယောက်တို့နဲ့အတူ ဝါဆောမြို့တော် အနီးမှာ ဇန်နဝါရီ ၁၃ ရက်က တွေ့ဆုံခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးတွေဟာ မဟာမိတ်လုံခြုံရေးစနစ် တည်ဆောက်ရေး လှုပ်ရှားမှုတွေကို ညှိနှိုင်းဆောင်ရွက်ဖို့၊ ယူကရိန်းအတွက် အထောက်အပံ့တွေ၊ ကာကွယ်ရေးစက်မှုလုပ်ငန်းတွေ အကြား ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်မှု၊ ကာကွယ်ရေးနဲ့ စစ်ဘက်ဆိုင်ရာရန်ပုံငွေ တိုးမြှင့်ရေးတို့ကို ဆွေးနွေးကြဖို့ မျှော်လင့်နေကြပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013