DVB Logo
Home
မြန်မာသတင်း
တနှစ်အတွင်း စားသုံးဆီရည်ညွှန်းဈေး ကျပ် ၂,၀၀၀ ကျော်နှင့် ပြင်ပဈေး ကျပ် ၈,၀၀၀ ကျော် မြင့်တက်
DVB
·
January 13, 2025
တနှစ်အတွင်း စားသုံးဆီရည်ညွှန်းဈေး ကျပ် ၂,၀၀၀ ကျော်နှင့် ပြင်ပဈေး ကျပ် ၈,၀၀၀ ကျော် မြင့်တက်
Donate to DVB

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီကော်မတီနဲ့ စားသုံးသူရေးရာဦးစီးဌာနတို့က သတ်မှတ်လိုက်တဲ့ စားသုံးဆီ ရည်ညွှန်းဈေးဟာ ၂၀၂၄-၂၀၂၅ တနှစ်တာအတွင်း ကျပ် ၂,၀၀၀ ကျော် ဈေးကြီးလာသလို ပြင်ပဈေး ကျပ် ၈,၀၀၀ ကျော် မြင့်တက်လာတယ်လို့ စားသုံးသူတွေက ပြောပါတယ်။

၂၀၂၄ ဇန်နဝါရီ ၁၄ ရက် တပတ်တာ ဆီရည်ညွှန်းဈေးမှာ တပိဿာ ၅,၂၅၀ ကျပ်သာ ရှိခဲ့ပေမဲ့ နောက်တနှစ်အကြာ ၂၀၂၅ ဇန်နဝါရီ ၁၃ ရက် တပတ်တာ ဆီရည်ညွှန်းဈေးက တပိဿာ ၇,၂၈၀ ကျပ်အထိ ဖြစ်လာခဲ့ပါတယ်။

ဆီရည်ညွှန်း‌ဈေး တပိဿာ ၅,၂၅၀ ကျပ် ဖြစ်ချိန်မှာတော့ ပြင်ပမှောင်ခိုဈေး တပိဿာ ၉,၀၀၀ ကျပ်အထိ ရှိခဲ့သလို ရည်ညွှန်းဈေး ၇,၂၈၀ ကျပ် ဖြစ်လာချိန်မှာတော့ မှောင်ခိုဈေး တပိဿာ ကျပ် ၁၆,၀၀၀ ကျော်အထိ ပေး‌ဝယ်နေကြရပါတယ်။

မရမ်းကုန်းမြို့ခံတယောက်က “ဆီဈေးတက်လာမှန်း မသိသာအောင် သူတို့ကိုယ်တိုင်က ဈေးကို တဖြည်းဖြည်းချင်း ဆွဲတင်သွားတာ။ စစပေးခါစက တပိဿာ ၄,၅၀၀ ပဲ ပေးရချိန်တောင် ရှိဖူးတယ်။ အဲဒီတုန်းကလည်း တဦးကို ၅၀ သားလောက်ပဲ ဝယ်လို့ရတာ” လို့ ပြောပါတယ်။

၂၀၂၄ အောက်တိုဘာလလောက်ကစလို့ စားသုံးဆီကို ဆီစာအုပ်နဲ့ ခွဲတမ်းချ ရောင်းချပေးပေမဲ့ လိုသလောက်ဝယ်ယူလို့ မရတဲ့အပြင် တပတ်တခါ ၅၀ သား ပေးရာကနေ အပတ်တိုင်း ဆီမရတော့တာကြောင့် ပြင်ပမှောင်ခိုဆီကိုသာ ဈေးကြီးပေးဝယ်နေရတယ်လို့ မြောက်ဒဂုံမြို့နယ်က အိမ်ရှင်မတယောက်က ပြောပါတယ်။

“ဟိုတခါ ဒီဇင်ဘာပိတ်ရက်‌လေ။ တပတ်တခါကနေ နှစ်ပတ်တခါတွေ ဖြစ်ကုန်တာ။ ပေးတော့ ၅၀ သား။ မိသားစုများရင် ဘယ်လိုမှ မလောက်ဘူး။”

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်း‌လောက်က မြောက်ဥက္ကလာပမြို့နယ်မှာ စားသုံးဆီကော်မတီက အချိုးကျ ဖြန့်ချိပေးတဲ့ စားသုံးဆီတွေကို ဈေးဆိုင်နဲ့ ဈေးတာဝန်ခံတွေက လက်ခံရရှိသလောက် ထုတ်မရောင်းပေးတာကြောင့် ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

စားသုံးသူရေးရာဦးစီးဌာနနဲ့ ဆီကော်မတီတို့က ထုတ်ပြန်ချက်တခုမှာတော့ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်း၊ မသမာမှု လုပ်ဆောင်မှုတွေကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ တွေ့ရပါတယ်။

ပြည်တွင်းစားသုံးဆီ တပတ်စာရည်ညွှန်းဈေးကို နိုင်ငံခြားစားသုံးဆီဈေးနှုန်း ဖြစ်ပေါ်နေမှုတွေအပေါ် မူတည်ကာ အခြေခံတွက်ချက်တာဖြစ်ပြီး စားသုံးသူတွေဟာ ပြင်ပပေါက်ဈေးအတိုင်း ဈေးကြီးပေးဝယ်နေကြရတာဟာ ကော်မတီဘက်က ထိန်းချုပ်ဖြန့်ချိမှုနဲ့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးတာတွေ မရှိတာကြောင့်လို့ သိရပါတယ်။

လက်လီရောင်းချမှုကို စားသုံးဆီ အရင်းဈေးနှုန်းရဲ့ အမြတ်‌ငွေ ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ဈေးနဲ့ ပြင်ပမှာ ဖြန့်ချိရောင်းဝယ်ဖို့၊ လက်ကားကုန်သည်အရောင်းဆိုင်ကြီးတွေက အသားတင်အမြတ် ၂ ရာခိုင်နှုန်း၊ အထွေထွေကုန်ကျစရိတ် ပေါင်းပြီးတဲ့ ဈေးနဲ့သာ ရောင်းချဖို့ကို ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၄ ရက်ကတည်းက မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စာထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013