DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နှင့် ရုရှားတို့ ဆွေးနွေးမည့်အပေါ်  ကုလသမဂ္ဂက ကြိုဆို
DVB
·
January 13, 2025
အမေရိကန်နှင့် ရုရှားတို့ ဆွေးနွေးမည့်အပေါ်  ကုလသမဂ္ဂက ကြိုဆို
Donate to DVB

အမေရိကန်နဲ့ ရုရှားတို့ကြား အလားအလာရှိတဲ့ တွေ့ဆုံဆွေးနွေးမှုကို ကုလသမဂ္ဂက ကြိုဆိုတယ် လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ 

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပြီး သူသမ္မတရာထူး လက်ခံပြီးတာနဲ့ အမေရိကန်နဲ့ ရုရှားကြား ဆွေးနွေးမှုမှန်သမျှကို ကြိုဆိုရမှာပါလို့လည်း ပြောပါတယ်။

သောကြာနေ့မှာ အမေရိကန် ယူကရိန်းအရေးကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်ပ်နဲ့ ပူတင်တို့ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ 

ပူတင်က ကြိုတင်သတ်မှတ်ချက် မရှိဘဲ ထရမ့်ပ်နဲ့ အလားအလာရှိရှိ စေ့စပ်ညှိနှိုင်းရေးတွေကို လမ်းဖွင့်ထားတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က သောကြာနေ့မှာ ပြောခဲ့ပါတယ်။

ဆွေးနွေးမှုကတဆင့် ပြဿနာတွေကို ဖြေရှင်းဖို့ အဆင်သင့်ရှိတယ်လို့ ထရမ့်ပ်က ထုတ်ပြော တာကို ရုရှားက သတိပြုမိတယ်လို့ ပဲ့စ်ကို့ဗ်က ပြောပါတယ်။ ရုရှားကလည်း ဒါကို ကြိုဆိုတယ်လို့ သူက ဆက်ပြောပါတယ်။

အနာဂတ် ညှိနှိုင်းမှုတွေအတွက် သီးခြားအခြေအနေတွေ မလိုအပ်ဘဲ ခေါင်းဆောင်နှစ်ယောက်စလုံးဟာ တွေ့ဆုံဆွေးနွေးမှုကနေတဆင့် လက်ရှိပြဿနာတွေကို ဖြေရှင်းဖို့ နိုင်ငံရေးဆန္ဒကို အပြန်အလှန် ပြသရမယ်လို့လဲ ပဲ့စ်ကို့ဗ်က ပြောပါတယ်။

ပူတင်က ထရမ့်ပ်နဲ့ အနာဂတ် ဆွေးနွေးမှုတွေကို ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်နိုင်ခဲ့တယ်လို့ အတည်ပြုခဲ့ပြီး ထရမ့်ပ် ရာထူးတာဝန်ယူတာနဲ့ တွေ့ဆုံဆွေးနွေးဖို့ စတင်စီစဉ်မယ်လို့လည်း ပဲ့စ်ကို့ဗ်က အတည်ပြုပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013