DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ၌ ၃၀၆ အမြောက်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး   ဒဏ်ရာရ
DVB
·
January 13, 2025
တနင်္သာရီ၌ ၃၀၆ အမြောက်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး   ဒဏ်ရာရ
Donate to DVB

တနင်္သာရီမြို့နယ်၊ မော်တုန်းရွာအခြေစိုက် စစ်ကောင်စီတပ်လက်အောက်ခံ ၃၀၆ အမြောက်တပ်ရင်းကနေ ဇန်နဝါရီ ၁၁ ရက် ညပိုင်းမှာ လက်နက်ကြီးတွေ အလုံး ၂၀ ကျော်နဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီးတယောက် လက်နက်ကြီးကျည်စထိမှန်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက် ည ၁၀ နာရီလောက်မှာ အရှေ့မော်တုန်းအုပ်စု ရှိကျေးရွာတွေဘက်ကို စစ်တပ်က ပစ်ခတ်လို့ လူနေအိမ်တွေဘက် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အုပ်စုအတွင်းရှိ အန္တာပြင်‌ကျေးရွာက အသက် ၃၀ အရွယ် အမျိုးသမီးတယောက်ရဲ့  လက်မောင်းကို လက်နက်ကြီးကျည်စ လာစင်ကာ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“အတွဲလိုက် ဆက်တိုက်ပစ်ထုတ်တာ။ သူ့အိမ်အနားမှာ လေး ငါးလုံးလောက် လာကျတယ်လို့ ပြောတယ်။ အိမ်လည်း ထိခိုက်တယ်တဲ့။ သူတို့(စကစ)က နေရာအတိအကျပစ်တာမျိုး မဟုတ်ဘူး၊ ကျချင်တဲ့နေရာကျ သဘောမျိုးပါ။”

လက်နက်ကြီမပစ်ခင် ည ၉ နာရီခွဲအချိန်လောက်က ၃၀၆ အမြောက်တပ်ရင်းရဲ့ ဂိတ်ဝမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို တောပုန်းကြီးအဖွဲ့ တနင်္သာရီမြို့နယ် ပကဖ ဇုန်-၅ကနေ သေနတ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါတယ်။ 

တောပုန်ကြီးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ ၃၀၆ အမြောက်တပ်ဂိတ်ဝကို သေနတ်ငယ်နဲ့ သွားပစ်တာပါ။ ကျနော်တို့ ပစ်ပြီး သူတို့က လက်နက်ကြီး အဆမတန် ပြန်ထုတော့ ကျနော်တို့ဘက်က အားလုံး ပြန်ဆုတ်လာလိုက်တယ် "လို့ပြောပါတယ်။

လက်နက်ကြီးကျည်စထိမှန်တဲ့ အမျိုးသမီးရဲ့ ဒဏ်ရာက စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ သိရပြီး တပ်ရင်းကနေ လက်နက်ကြီး အတွဲလိုက် ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအများအပြား စိုးရိမ်ထိတ်လန့်ခဲ့ရတယ်လို့ ပြောပါတယ်။

အရှေ့မော်တုန်းရွာမှာအခြေစိုက်တဲ့ ၃၀၆ အမြောက်တပ်ရင်းအား ဇန်နဝါရီ ၁ ရက် မနက်ပိုင်းတုန်းက တောပုန်းကြီးအဖွဲ့ကနေ ၆ ၀မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီး ဗဟိုကင်းနဲ့ အရာရှိရိပ်သာတွေကို ကျရောက်ပေါက်ကွဲကာ တပ်သား တယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရခဲ့တယ်ဆိုပြီး တပ်တွင်းသတင်းအရင်းအမြစ်ကို ကိုးကားပြီး ဒေသခံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013