DVB Logo
Home
နိုင်ငံတကာ
ဂရင်းလန်ကျွန်းကိစ္စ ဒေါ်နယ်ထရမ့်ပ်ထံ ဒိန်းမတ် သတင်းစကားပါး 
DVB
·
January 13, 2025
ဂရင်းလန်ကျွန်းကိစ္စ ဒေါ်နယ်ထရမ့်ပ်ထံ ဒိန်းမတ် သတင်းစကားပါး 
Donate to DVB

ဂရင်းလန်ကျွန်းကို မသိမ်းဘဲနဲ့ ကျွန်းပေါ်မှာ လုံခြုံရေးတိုးမြှင့်တာ ဒါမှမဟုတ် အမေရိကန်စစ်အင်အား တိုးတာမျိုးလုပ်ဖို့ ဆွေးနွေးဖို့ရာ ဆန္ဒရှိကြောင်း ဒိန်းမတ်နိုင်ငံက ထရမ့်ပ်ရဲ့ အဖွဲ့ကို သတင်းစကားပါးခဲ့တယ်လို့ သတင်းရင်းမြစ် ၂ ခုကို ကိုးကားပြီး Axios သတင်းဌာနက ဖော်ပြပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာ အမေရိကန်သမ္မတ ဖြစ်လာတော့မယ့် ဒေါ်နယ်ထရမ့်ပ်က ဒိန်းမတ်နိုင်ငံပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်ကျွန်းကို အမေရိကန်က ထိန်းချုပ်ဖို့ လုံးဝလိုအပ်တယ်လို့ ပြောထားပါတယ်။

ဒိန်းမတ်အပေါ် သွင်းကုန်ခွန်စည်းကျပ်တာလိုမျိုး  စီးပွားရေးနည်းတွေ၊ စစ်ရေးနည်းလမ်းတွေ သုံးပြီး မရ ရအောင်ယူမှာလားဆိုတဲ့ မေးခွန်းအပေါ် ထရမ့်ပ်က မငြင်းထားပါဘူး။

ဒိန်းမတ်အစိုးရကတော့ ထရမ့်ပ်ဘက်က လုံခြုံရေးပူပန်တာရှိရင် ကျွန်းကိုမသိမ်းဘဲ ပူးပေါင်းဆောင်ရွက်ပေးဖို့ ဆန္ဒရှိကြောင်း သတင်းစကားပါးတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒိန်းမတ်ဝန်ကြီးချုပ် မတ်ဖရက်ဒရစ်ဆင်ကလည်း ထရမ့်ပ်နဲ့ တွေ့ဆုံဖို့ တောင်းဆိုထားတယ်လို့ ပြောထားပါတယ်။

ဂရင်းလန်ကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဝန်ကြီးချုပ်ကတော့ ထရမ့်ပ်နဲ့ စကားပြောဖို့ အသင့်ရှိပေမဲ့ ကျွန်းရဲ့ လွတ်လပ်ရေးယူလိုတဲ့ ဆန္ဒကို လေးစားဖို့ တိုက်တွန်းထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013