
ဩစတြေးလျနိုင်ငံက ပါ့က်စ်မြို့ကလေးမှာ အဲလ်ဗစ်ပရက်စလေရဲ့ ရုပ်ရှင်ဇာတ်ကား "Easy Come Easy Go" ကို ဂုဏ်ပြုတဲ့အနေနဲ့ လမ်းတွေပေါ်မှာ ပရိသတ်ရာနဲ့ချီပြီး ပျော်ပွဲရွှင်ပွဲ ကျင်းပခဲ့ ကြပါတယ်။
တောက်တောင်ပြောင်ပြောင် ဆံပင်တုတွေ၊ စိန်ကြယ်သီးတွေနဲ့ အလှဆင်ထားတဲ့ ဝတ်စုံတွေ၊ ရေငုပ်သမားနဲ့ သင်္ဘောသားဝတ်စုံတွေနဲ့ ရောင်စုံလှပနေတဲ့ ချီတက်ပွဲကို ဇန်နဝါရီ ၁၁ ရက်က ကျင်းပခဲ့တာပါ။
၁၉၆၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ အဲဒီဇာတ်ကားထဲမှာ အဲလ်ဗစ်က ရေငုပ်သမား၊ ညကလပ် အဆိုတော်အနေနဲ့ သရုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။
ပါ့က်စ်မြို့က နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ဒီပွဲတော်ကို ပရက်စလေရဲ့ မွေးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၈ ရက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ၅ ရက်တိုင်တိုင် ကျင်းပတာဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ပင်လယ်ရေကြောင်းဆိုင်ရာ အကြောင်းအရာတွေကို အဓိကထားပြီး ရှေးဟန်ကား တွေ၊ အလှဆင်ထားတဲ့ ယာဉ်တန်းတွေနဲ့အတူ နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်က ဒီမြို့လေးရဲ့ လမ်းတွေပေါ်မှာ ပရိသတ်တွေက ပရက်စလေလို ဝတ်စားဆင်ယင်ပြီး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
Source-Reuters