DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီနှင့် မပတ်သက်ကြရန် ကော့သောင်းပကဖအဖွဲ့ နောက်ဆုံးအကြိမ်သတိပေး
DVB
·
January 12, 2025
စစ်ကောင်စီနှင့် မပတ်သက်ကြရန် ကော့သောင်းပကဖအဖွဲ့ နောက်ဆုံးအကြိမ်သတိပေး
Donate to DVB

စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေတဲ့သူတွေအတွက် နောက်ဆက်တွဲအကျိုးဆက်ကို တာဝန်ယူမှာ မဟုတ်သလို စစ်ကောင်စီနဲ့ အနီးကပ်ထိတွေ့သွားလာတာမလုပ်ဖို့ ကော့သောင်းမြို့နယ်ပကဖ အဖွဲ့  နောက်ဆုံးအကြိမ် သတိပေးလိုက်ပါတယ်။

ကော့သောင်းမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ စစ်ကောင်စီအဆောက်အအုံတွေနဲ့ ယာဉ်တွေအနီး နေထိုင်သွားလာတာ မလုပ်ကြဖို့ ၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ တင်ဆောင်တာမလုပ်ဖို့နဲ့ ကားပေါ်မှာ စစ်ကောင်စီတပ်သားတွေ တင်ဆောင်ခြင်းမပြုဖို့ကို နောက်ဆုံးအကြိမ် အသိပေးတားမြစ်လိုက်တယ်လို့ ဇန်နဝါရီ ၈ ရက်မှာ ကော့သောင်းမြို့နယ် ပကဖအဖွဲ့က ထုတ်ပြန်ထား ပါတယ်။

စစ်ရေးအရ သတိပေးတားမြစ်ချက်တွေကို မလိုက်နာဘဲ စစ်ကောင်စီနဲ့ အနီးကပ် ထိတွေ့ဆက်ဆံနေတဲ့ ပြည်သူတချို့ရှိနေတာကြောင့် တိုက်ပွဲဖော်ဆောင်တဲ့ အစီအစဉ် အများအပြားကို အပြီးတိုင်ဖျက်သိမ်းလိုက်ရတာတွေရှိနေတယ်လို့ ကော့သောင်းမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုတိုင်းဂါးက ပြောပါတယ်။ 

"တချို့မစ်ရှင်တွေဆို ဖျက်လိုက်ရတာရှိတယ်။ ပြည်သူတွေကလည်း နီးရာဓားကြောက်နေရတဲ့ အခြေအနေဆိုတော့ မလွဲသာမရှောင်သာလုပ်ရတဲ့ သူတွေရှိသလို တချို့ပြည်သူတွေကျတော့ အကျိုးစီးပွားအရ လုပ်ဆောင်ပေးနေတာတွေ့ရတယ်။ သူတို့ကိုလည်း ပြည်သူဆိုတဲ့ ခေါင်းစဉ်အောက်ဝင်နေတဲ့အတွက် တတ်နိုင်သမျှ မထိခိုက်အောက်ရှောင်တိမ်းပြီးလုပ်ရတယ်။”

ကော့သောင်းမြို့နယ်ပကဖအဖွဲ့ရဲ့ သတိပေးထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကော့သောင်းဒေသခံ အမျိုးသားတယောက်က “တချို့ဆိုရင် ကားတွေဘာတွေလာပြီး ချောဆွဲတာရှိတယ်။ မလိုက်လို့လည်း မရဘူး။ မလိုက်ရင် လက်ရှိသူတို့ (စကစ)က အာဏာရှိနေတာလေ။ မလိုက်ရင် ကိုယ့်ကိုဒုက္ခပေးမှာ၊ မတတ်သာလို့ လုပ်ရတဲ့ ပြည်သူတွေကို ခွင့်လွှတ်ပေးမှရမယ်။ သူတို့က မလုပ်လို့မရဘူးလေ၊ သိလျက်နဲ့လုပ်တဲ့ သူတွေကိုတော့ ပြင်းပြင်းထန်ထန်လုပ်ရမယ်၊ သတ်တာဖြတ်တာမျိုးမဟုတ်ပဲ ဖမ်းဆီးတာ၊ တရား ဥပဒေအရ အရေးယူတာမျိုးသွားသင့်တယ်လို့ ထင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့မလွဲသာလို့ အနီးကပ်သွားလာရတဲ့အခါမျိုးမှာ ပြည်သူတွေအနေနဲ့ ဒေသတွင်း တော်လှန်ရေး အဖွဲ့တွေဆီ အချိန်မီ ကြိုတင်အသိပေးထားဖို့ ဆိုထားပြီး  ကြိုတင် အကြောင်းမကြားထားပါက တိုက်ပွဲဖော်ဆောင်တဲ့အချိန်မှာ ကြားညှပ်ပြီး ထိခိုက်နိုင်တယ်လို့  ပြန်ကြားရေးတာဝန်ခံကိုတိုင်းဂါးက ဆက်ပြောပါတယ်။

အခုသတိပေးတားမြစ်ချက်တွေကိုလည်း မလိုက်နာဘဲ ထိခိုက်မှုတစုံတရာဖြစ်ခဲ့ပါက ကော့သောင်းမြို့နယ် ပကဖအဖွဲ့ကနေ တာဝန်ယူမှာမဟုတ်ကြောင်းကိုလည်း ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013