DVB Logo
Home
မြန်မာသတင်း
ရပ်စောက်မြို့နယ်က တောင်သူများကို SSPP က ခြံသွားလာခွင့် ထောက်ခံစာလုပ်ခိုင်း
DVB
·
January 11, 2025
ရပ်စောက်မြို့နယ်က တောင်သူများကို SSPP က ခြံသွားလာခွင့် ထောက်ခံစာလုပ်ခိုင်း
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဆတ်သေကျေးရွာကတောင်သူတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ခြံသွားလာခွင့်ထောက်ခံစာလုပ်ခိုင်းနေတယ်လို့ ဒေသခံတွေက အခက်အခဲဖြစ်ကြရတယ်လို့ ပြောပါတယ်။

ခြံသွားလာခွင့်ထောက်ခံစာကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက စတင်ထုတ်ပေးပြီး ရှမ်း၊ တရုတ်၊ မြန်မာ သုံးဘာသာနဲ့ရေးထားတဲ့ထောက်ခံစာတစောင်ကို ၅၀၀၀ ကျပ်ပေးရသလို SSPP စစ်ဆေးရေးဂိတ်ကို ဒေသခံတွေဖြတ်သန်းသွားတိုင်း ထောက်ခံစာကို ပြသရတယ်လို့ သိရပါတယ်။

ဆတ်သေရွာသားတယောက်က “ထောက်ခံစာတစ်စောင်ကို ၅၀၀၀ ပေးရတယ်။ မိသားစုတခုမှာ ခြံသွားတဲ့လူ ၄ ယောက်ရှိရင် ၄ စောင်ယူရတယ်။ ထောက်ခံစာတခါယူရင် သက်တမ်း ၁ လပဲ ရှိတယ်။ ဂိတ်ဖြတ်သွားတဲ့အချိန်တိုင်း အဲထောက်ခံစာပြရတယ်။ အဲထောက်ခံစာအပြင် လူကိုလည်း အရမ်းစစ်တယ်။ ပလိုင်းထဲ၊ အိပ်ကပ်ထဲအစ မွှေစစ်တယ်။ ထောက်ခံစာမပါရင် ရစ်တယ်။ ဂိတ်ပေးမဖြတ်ဘူး ပြန်လှည့်ခိုင်းတယ်” လို့ ပြောပါတယ်။

ဆတ်သေကျေးရွာကနေ ရပ်စောက်ဘက်ကိုသွားတဲ့လမ်းမှာ ပအိုဝ်းပြည်သူ့စစ် PNO က ဖွင့်ထားတဲ့ လုံခြုံရေးဂိတ်ရှိနေပြီး တောင်ကြီးဘက်၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းဘက်ကိုသွားတဲ့လမ်းမှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က စစ်ဆေးရေးဂိတ်တွေ ဖွင့်ထားတယ်လို့ သိရပါတယ်။

ဒေသခံနောက်တယောက်က “SSPP ဂိတ်ကစစ်သားတွေ ဗမာစကားလည်း ကောင်းကောင်း မပြောတတ်ဘူး။ တရုတ်စကားပဲအများစုပြောတယ်။ ခြံသွားတာ ထောက်ခံစာပါလုပ်ရတော့ ခက်ခဲတာပေါ့။ ဂိတ်ကိုလည်း မနက် ၆ နာရီ ည ၆ နာရီပဲ ဖွင့်ပေးတယ်” လို့ပြောပါတယ်။

ရပ်စောက်မြို့နယ်၊ ဆတ်သေကျေးရွာမှာ SSPP တပ်တွေဟာ မိုးရာသီကတည်းက ဝင်ရောက်လာတာဖြစ်ပြီး အခု သီနှံရိတ်သိမ်းချိန်မှာ စစ်ဆေးရေးဂိတ်များဖွင့်ပြီး ခြံသွားလာခွင့် ကတ်ပြား အတင်းအဓမ္မ လုပ်ခိုင်းနေတာလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013