DVB Logo
Home
မြန်မာသတင်း
ဟားခါးနှင့်တီးတိန်တွင် ပျူစောထီး ၃ ဦး၊ ရဲ ၁ ဦး လက်နက်ခဲယမ်းများဖြင့်အလင်းဝင်
DVB
·
January 11, 2025
ဟားခါးနှင့်တီးတိန်တွင် ပျူစောထီး ၃ ဦး၊ ရဲ ၁ ဦး လက်နက်ခဲယမ်းများဖြင့်အလင်းဝင်
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးနဲ့တီးတိန်မှာ ပျူစောထီးအဖွဲ့ဝင် ၃ ယောက်နဲ့ ရဲ ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြတယ်လို့ သိရပါတယ်။

Chinland Defense Force-Hakha (CDF-Hakha) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဟားခါးမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်က ပျူစောထီးလို့ခေါ်တဲ့ ပြည်သူ့စစ် ၃ ဦးပေါ့။ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူတွေနဲ့ပူးပေါင်း ပါဝင်လိုတာကြောင့် အလင်းဝင်ရောက် လာခဲ့ကြတာပါ” လို့ ပြောပါတယ်။

အဲဒီ ပြည်သူ့စစ် ၃ ယောက်ဟာ  ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်၊ ၆ ရက်နဲ့ ၇ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

Chin National Army ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “သူတို့ ၃ ယောက်လုံးကို ဆုကြေးငွေတွေ အသီးသီးချီးမြှင့်ပြီးလို့ လွတ်မြောက်နယ်မြေရောက်အောင် တာဝန်ယူဆောင်ရွက်ပေးခဲ့​ပြီးပါပြီ။ နောက်ထပ်လည်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုကြဘဲ ပြည်သူနဲ့ ပူပေါင်းပါဝင်လိုကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း အမြဲကြိုဆိုနေပါတယ်။ အချိန်မရွေးလည်း ဆက်သွယ်လာနိုင်ပါတယ်။ အစစအရာရာတာဝန်ယူပြီး လွတ်မြောက်နယ်မြေရောက်တဲ့အထိ တာဝန်ယူဆောင်ရွက်ပေးသွားမှာပါ” လို့ DVB ကို ပြောပါတယ်။

ချင်းပြည်နယ်ထဲမှာ ချင်းညီနောင်တပ်ဖွဲ့တွေက Operation CB အဖြစ် ဖလမ်းမြို့နဲ့ မင်းတပ်မြို့တို့မှာ မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်နေပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ နီးပါး လက်နက်ချအညံ့ခံထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့မှာလည်း ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ရတဖ ၂၆ တပ်ရင်းက စစ်ကောင်စီရဲတပ်ဖွဲ့ ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာလို့ ဆုကြေးငွေချီးမြှင့်ပေးအပ်ခဲ့တယ်လို့လည်း CDF Civic Defense Militia (CDF CDM SIYIN) ဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ နိုင်ငံတဝန်း ဒုရဲအုပ် ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၂၈ ယောက် ပြည်သူ့ရင်ခွင်ကို ခိုလှုံလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013