
ချင်းပြည်နယ်၊ ဖလမ်းမြို့ကနေ တီးတိန်မြို့ကို ဦးတည်လာတဲ့ စစ်အာဏာရှင်ခန့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်အပါအဝင် ၂၅ ယောက်လောက် လိုက်ပါလာတဲ့ အိမ်စီးကား ၇ စီးနဲ့ skat ၁ စီး ပါ ယာဉ်တန်းကို PDF-Zoland တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ နိုဝင်ဘာ ၁၆ ရက်က သတင်းထုတ်ပြန်ပါတယ်။
ထုတ်ပြန်ထားတဲ့ဗီဒီယိုမှာတော့ စစ်အာဏာရှင်တပ်ယာဉ်တန်းကို ထိထိမိမိ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကို တွေ့ရပြီး ကားတချို့ ပျက်စီးသွားတာ တွေ့ရပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွင် ထိခိုက်ကျဆုံးမှုရှိ၊ မရှိကိုမူ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲ ဖြစ်တယ်လို့ တီးတိန်မြို့နယ်အခြေစိုက် PDF-Zoland က အသိပေးပါတယ်။
ဒီတိုက်ခိုက်မှုမှာ ဗိုလ်ချုပ်ကျော်ကျော်ဟန် အပြင် တခြားထိပ်ပိုင်းအရာရှိတွေ လိုက်ပါလာသလား ဆိုတာကို DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။











