DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်ရှိ ရွှေတဂူ စစ်တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်
DVB
·
January 10, 2025
ဆီဆိုင်ရှိ ရွှေတဂူ စစ်တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အနီးက စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေ အထိုင်ချထားတဲ့ ရွှေတဂူတပ်စခန်းကို ကရင်နီတော်လှန်ရေးအင်အားစုက ဇန်နဝါရီ ၉ ရက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မနေ့ မနက် ၆ နာရီလောက်မှာ တော်လှန်ရေးအင်အားစုတွေက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ စစ်ကောင်စီတပ်တွေရဲ့ လက်နက်အလက် ၃၀ ရရှိပြီး စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ၂၁ ယောက် သေဆုံးကာ စစ်သုံ့ပန်း ၁၀ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ကရင်နီသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“သုံ့ပန်းတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ပါတယ်။ ၁၃၊ ၁၄ အရွယ် ကောင်လေးနှစ်ယောက်ပေါ့။ စစ်ကောင်စီက တွေ့သမျှလူ အကုန်ပေါ်တာဆွဲပြီး ရှေ့တန်းပို့နေတာ။ သူတို့ကတော့ လုပ်မှာပဲလေ၊ လူစိတ်လည်း ရှိတာမဟုတ်ဘူး။”

စစ်ကောင်စီတပ်ဘက်က အထိနာပြီးတဲ့နောက် ပတ်ဝန်းကျင်အနီးနားက စစ်ကူတပ်တွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်အစပ် လွိုင်လင်လေး အနောက်ခြမ်းက ရွာတရွာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၁၂ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ပြီး ၅ လသားအရွယ် ကလေးငယ်က လက်ပြတ်ကာ အသက် ၃၀ ကျော် အမျိုးသားတယောက်က ရင်ဘတ်ကို ထိသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက ဆီဆိုင်၊ ဖယ်ခုံ၊ မိုးဗြဲနဲ့ ကရင်နီအစပ်နားကို နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးစားနေပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ၂ လထက်မနည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်မှာလည်း မိုးဗြဲ ခမရ ၄၂၂ အနီးနားက စစ်ကောင်စီ ကင်းစောင့်တဲ့ နေရာတခုကို ကရင်နီတော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်ခဲ့လို့ PNO ပြည်သူ့စစ် ဗိုလ်ကြီး အပါအဝင် ၁၀ ယောက် သေဆုံးခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013