DVB Logo
Home
နိုင်ငံတကာ
TikTok အမှု အမေရိကန်တရားရုံးချုပ်တွင် နောက်ဆုံး လျှောက်လဲရမည်
DVB
·
January 10, 2025
TikTok အမှု အမေရိကန်တရားရုံးချုပ်တွင် နောက်ဆုံး လျှောက်လဲရမည်
Donate to DVB

နာမည်ကျော် ဆိုရှယ်မီဒီယာတခုဖြစ်တဲ့ TikTok ဟာ အမေရိကန်က အသုံးပြုခွင့်ပိတ်မှာနဲ့ ပတ်သက်ပြီး တရားရုံးချုပ်မှာ ဇန်နဝါရီ ၁၀ ရက် ဒီနေ့ နောက်ဆုံးလျှောက်လဲချက် ပြုလုပ်ရမှာ ဖြစ်ပါတယ်။

TikTok ကို တရုတ်ပိုင်ရှင်နဲ့ လမ်းခွဲဖို့ ဒါမှမဟုတ် အမေရိကန်မှာ အသုံးမပြုဖို့ ပြီးခဲ့တဲ့နှစ်က အမိန့်ချခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက်မှာ အသုံးပြုခွင့်ပိတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

TikTok ကို ထောက်လှမ်းမှုနဲ့ နိုင်ငံရေးအတွက် လက်နက်တခုအဖြစ် တရုတ်နိုင်ငံက အသုံးပြုလာနိုင်တာကြောင့် အမေရိကန်အစိုးရက TikTok ကို ရောင်းချဖို့ တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ TikTok က စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး အမေရိကန်မှာ သန်း ၁၇၀ ရှိတဲ့ အသုံးပြုသူတွေအတွက် မမျှတမှုနဲ့ လွတ်လပ်စွာထုတ်ဖော်မှုကို အကန့်အသတ်ဖြစ်စေတယ်လို့ ဆိုထားပါတယ်။

အမေရိကန် အောက်လွှတ်တော်က အစိုးရရဲ့ သဘောထားနဲ့ အတူတူဖြစ်ပေမဲ့ ပြီးခဲ့တဲ့လက ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က TikTok ကိစ္စကို သူသမ္မတဖြစ်မှသာ ဆုံးဖြတ်ချက်ချဖို့နဲ့ ခေတ္တရပ်ဆိုင်းထားဖို့ ဒီဇင်ဘာလတုန်းက တောင်းဆိုခဲ့ဖူးပါတယ်။

တရားရုံးချုပ်က TikTok နဲ့ပတ်သက်ပြီး ဘာဆုံးဖြတ်ချက်ချမလဲဆိုတာ မရှင်းလင်းဘူးလို့ လေ့လာသူတွေက ပြောပါတယ်။ တရားရုံးချုပ်အနေနဲ့ လာမယ့်ရက်ပိုင်းအတွင်း ထုတ်ပြန်ချက်တခုခု ထုတ်ပြန်ဖွယ် ရှိနေပါတယ်။

TikTok ကို တရုတ်ပိုင်ရှင်က ရောင်းချဖို့ ဒါမှမဟုတ် အမေရိကန်မှာ အသုံးပြုခွင့်မပေးဖို့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန်ပါတီ ၂ ခုစလုံးက ပြီးခဲ့တဲ့နှစ်မှာ အဆိုပြုခဲ့တာဖြစ်ပြီး အထက်လွှတ်တော်မှာလည်း အတည်ပြုပြီးပါပြီ။

TikTok ကို ဗြိတိန် အပါအဝင် အခြားနိုင်ငံအများစုကလည်း အစိုးရသုံးစက်များမှာ အသုံးပြုမှု ပိတ်ပင်ထားခဲ့ပြီး အိန္ဒိယ အပါအဝင် အခြားနိုင်ငံအချို့မှာလည်း လုံးဝပိတ်ပင်သွားဖွယ် ရှိနေပါတယ်။

အမေရိကန်ကတော့ တရုတ်အစိုးရဟာ သူတို့စိတ်ဝင်စားတဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ရယူဖို့ TikTok ပိုင်ရှင် ByteDance ကုမ္ပဏီကို အကျပ်ကိုင် တောင်းဆိုဖွယ်ရှိတယ်လို့ ဆိုထားပါတယ်။

TikTok ဟာ နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုရှိတယ်လို့ သက်သေပြမှုတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရားသူကြီး ၃ ယောက်က ဥပဒေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

TikTok က တရုတ်ကွန်မြူနစ်ပါတီရဲ့ လွှမ်းမိုးမှုရှိတယ် ဆိုတာကို ငြင်းထားပြီး ဒီဥပဒေက လွတ်လပ်ရေးကြေညာစာတမ်းပါ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်တာဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013