DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်ရှိ ကပစ ၂၄ တပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
DVB
·
January 10, 2025
ပေါက်မြို့နယ်ရှိ ကပစ ၂၄ တပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၂၄ ကာကွယ်ရေးနဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး (ကပစ) တပ်ကို ဇန်နဝါရီ ၉ ရက် နေ့လယ် ၃ နာရီခွဲလောက်က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

အမှတ် ၂၄ ကာကွယ်ရေးနဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး (ကပစ) တပ်က မြန်မာနိုင်ငံအတွင်း စစ်လက်နက်ခဲယမ်းထုတ်လုပ်မှု ဒုတိယအများဆုံး ထုတ်လုပ်ပေးနေတဲ့နေရာ ဖြစ်ပါတယ်။

Eagle Wings ဒရုန်းတပ်ဖွဲ့ တာန်ရှိသူ ရဲဘော်ဇေယျာမင်းက “မကွေးတိုင်း ပေါက်မြို့နယ် ကပစ တပ်ရင်း ၂၄ ကို fixed wings ၆ စီးနဲ့ ၆၀ မမ ဗုံးသီး ၆ လုံးနဲ့ တိုက်ခိုက်ခဲ့တာ။ စစ်လက်နက် ခဲယမ်းထုတ်လုပ်မှု ဒုတိယအများဆုံး ထုတ်လုပ်ပေးနေတာကြောင့် တိုက်ခိုက်ရတာ” လို့ ပြောပါတယ်။

ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၈၁ မမ လက်နက်ကြီးနဲ့ ၄ ကြိမ် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်တွေ ထိခိုက်သူမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ရဲ့ Jammer ကြောင့် Eagle Wings drone force က fixed wings ၁ စီး ဆုံးရှုံးခဲ့ရပြီး ပေါက်ပကဖက dji mavic 3 ၁ စီး ပျက်ကျခဲ့ပါတယ်။

အလားတူ တချိန်တည်းမှာပဲ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၁ ကာကွယ်ရေးနဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး (ကပစ) တပ်ထဲက ထွက်လာတဲ့ ယာဥ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးခဲ့ပြီး စစ်ကားတစီးပါ ပျက်စီးသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကို ပေါက် ပကဖ၊ ပုံတောင်တိုက်ဂါး၊ PDF Eagle wings Drone force တပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ကားမိုင်းဆွဲတိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း ၄ တပ်ခွဲ ၁ က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013